Pain, အကိုက်အခဲပျောက်ဆေးများ

Ks - 3900
  • Adip (10x10's)
  • Paracetamol...500mg+Diclofenac 50mg
  • 10x10's Tables

Paracetamol...500mg+Diclofenac 50mg

Description

Adip ဆေးသည် ကိုက်ခဲနာကျင်မှု့ကို သက်သာပျောက်ကင်းစေသော အကိုက်အခဲပျောက်ဆေးအုပ်စုဝင် ဆေးတစ်မျိုးဖြစ်ပါသည်။၄င်းဆေးကို Paracetamol 500mg နှင့် Diclofenac Sodium 50mg တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
အသုံးဝင်ပုံ
အဆစ်ရောင်ရောဂါ ၊ အဆစ်အမြစ်ခိုင်ရောဂါ (Ankylosing spondylits ) နှင့် အဆစ်နာရောဂါတို့တွင် နာကျင်ရောင်ရမ်းမှု့ကို လျှော့ချရန် အသုံးပြုသောက်သုံးနိုင်ပါသည်။ကြွက်သားများနာကျင်ခြင်း၊ခါးနာခြင်း၊သွားကိုက်ခြင်း၊ နားကိုက်ခြင်းနှင့် လည်ချောင်းနာခြင်း ၊ဖျားနာခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း၊ခေါင်းကိုက်ခြင်းတို့ကို လည်း သက်သာပျောက်ကင်းစေပါသည်။မတော်တဆ ထိခိုက်ဒဏ်ရာများဖြစ်ပါကလည်း နာကျင်ကိုက်ခဲမှု့ကို လျှော့ချစေရန် အသုံးပြုနိုင်ပါသည်။
💊💊💊ဆေးသောက်ရန်အညွှန်း💊💊💊
တစ်ခါသောက်တစ်လုံး တစ်နေ့သုံးကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုးများ

ပျို့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊အရေးပြားအနီကွက်ထွက်ခြင်း၊အစာအိမ်အူလမ်းကြောင်းအနာဖြစ်ဖြစ်ခြင်း၊

❗️ကြိုတင်သတိပြုရန်❗️
ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ သောက်သုံးရန် မသင့်ပါ။အစာအိမ်အနာဖြစ်ဖူးသူများ ၊အစာအိမ်ရောဂါရှိသူများ ၊အသည်းရောဂါရှိသူများလည်းရှောင်ကျဥ်သင့်ပါသည်။

.

.

.