Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 7000
  • Rabeprazole (RABZOLE-20) (10x10's)
  • Rabeprazole 20mg
  • 10x10's Tables

Rabeprazole Sodium 20mg

Description

Rabeprazole (ရာဘီပရာဇော)
အစာအိမ်မှ ဟိုက်ဒြိုကလိုရစ်အက်ဆစ်ထုတ်လုပ်မှုကို ဟန့်တားသော ဆေးဖြစ်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
အစာအိမ် အစာခြေရည်နာနှင့် အူသိမ်ဦးပိုင်း အစာခြေရည်နာတို့တွင် အသုံးပြုသည်။ အစာအိမ်မှ အစာရေမျိုသို့ အစာခြေရည် ပြန်ဆန်တက်ရောဂါအတွက်လည်းအသုံးပြုသည်။
အစာခြေရည်နာဖြစ်စေသော ဟယ်လီကိုဘက်တာပိုင်လော်ရီ အမြစ်ပြတ်ချေမှုန်းရန်လည်း အသုံးပြုနိုင်သည်။

ဆေးသောက်ရန်အညွှန်း
အစာအိမ်ရောဂါနာများအတွက် ၂၀ မီလီဂရမ် နံနက်တစ်ကြိမ် ခြောက်ပတ်သောက်ရသည်။ သိပ်မသက်သာရင်ဖြစ်ဖြစ် လိုအပ်ရင်ဖြစ်ဖြစ် နောက်ထပ်ခြောက်ပတ် ထပ်သောက်နိုင်သည်။
အူသိမ်ဦးပိုင်းနာအတွက် ၂၀ မီလီဂရမ် နံနက်တစ်ကြိမ် လေးပတ်သောက်ရသည်။ရှင်းရှင်းပျောက်ကင်းခြင်းမရှိသေး လျှင် နောက်ထပ်လေးပတ် ထပ်သောက်နိုင်သည်။
အစာအိမ်မှအစာရေမျိုသို့ အစာခြေရည်ပြန်ဆန်တက်ရောဂါတွင် ၂၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် လေးပတ်မှ ရှစ်ပတ်သောက်ရသည်။ လက္ခဏာပြန်မပေါ်အောင် ၁၀-၂၀ မီလီဂရမ် နေ့စဥ်သောက်နိုင်သည်။
အစာရေမျိုရောင်ခြင်းမရှိပါက ၁၀မီလီဂရမ် တစ်နေ့တစ်ကြိမ် လေးပတ်သောက်ပြီး လိုအပ်သည့်အချိန် ၁၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ထပ်သောက်နိုင်သည်။ ဟယ်လီကိုဘက်တာ ပိုင်လော်ရီအမြစ်ပြတ်ချေမှုန်းရန်အတွက်
ရာဘီပရာဇော ၂၀ မီလီဂရမ်၊ အမောက်ဆီစလင် ၁၀၀၀ မီလီဂရမ် နှင့် ကလယ်ရီသရိုမိုင်စင် ၅၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် တစ်ပတ် သို့မဟုတ် နှစ်ပတ်သောက်ရသည်။အခြားတစ်နည်းမှာ ရာဘီပရာဇော ၂၀ မီလီဂရမ်၊
ကလယ်ရီသရိုမိုင်စင် ၅၀၀မီလီဂရမ် နှင့် မက်ထရို နီဒါဇော ၄၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် တစ်ပတ် သို့မဟုတ် နှစ်ပတ်သောက်ခြင်းဖြစ်သည်။

ဘေးထွက်ဆိုးကျိုးများ
ခေါင်းကိုက်ခြင်း၊ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ လေပွခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း၊ ၊ ခေါင်းမူးခြင်း ဖြစ်တတ်ပါသည်။ အာခြောက်ခြင်း၊ မျက်စိပြာခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ငိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊
အဖုအပိမ့်ထွက်ခြင်း ဖြစ်နိုင်ပါသည်။ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း စသော တုပ်ကွေးရောဂါနှင့်တူသော လက္ခဏာများ ပြတတ်ပါသည်။ ရင်ဘတ်အောင့်ခြင်း၊ နှာခေါင်းသွေးအိတ်ရောင်ခြင်း၊ စိတ်လှုပ်ရှားခြင်း
စသည်တို့ဖြစ်နိုင်ပါသည်။

ကြိုတင်သတိပြုရန်
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့်ပတ်သက်၍ သုံးရန်မသင့်သေးကြောင်း။ ကလေးငယ်များလည်း မသုံးသင့်ပါ။ဆေးကို ဝါးစားလို့မရပါ။
ရေဖြင့်မျိုချရပါသည်။ ကျောက်ကပ်အားလျော့သူများ သတိပြုသုံးစွဲသင့်သည်။ နာတာရှည် အစာခြေရည်နာများတွင် ကင်ဆာမဟုတ်ကြောင်း သေချာအောင်ရောဂါရှာဖွေစမ်းသပ်ပြီးမှ
ဤဆေးသောက်သင့်ပါသည်။သို့မဟုတ်ပါက ရောဂါလက္ခဏာများကို ဖုံးကွယ်လိုက်သလိုဖြစ်ပြီး ကင်ဆာမှန်းသိသည့်အချိန်တွင် ကုသရန်အချိန်များစွာနောက်ကျသွားနိုင်ပါသည်။