Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 5800
  • Esomeprazole ESOMAC-20 (10x10's)
  • Esomeprazole 20mg
  • 10x10's Tables

Esomeprazole USP 20mg

Description

Esomeprazole
(အီဆိုမီပရာဇော)

အစာအိမ်နံရံဆဲလ်များ၏ ဟိုက်ဒြိုကလိုရစ်အက်ဆစ် ထုတ်လုပ်မှုကိုဟန့်တားသောဆေးတစ်မျိုးဖြစ်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
  ဟယ်လီကိုဘက်တာ ပိုင်လော်ရီ ဘက်တီးရီးယားကြောင့်ဖြစ်သော အူသိမ်ဦးပိုင်းနာတွင် ပဋိဇီဝဆေးများနှင့်တွဲ၍အသုံးပြုသည်။ အစာအိမ်မှ အစာရေမျိုသို့ အစာခြေရည် ပြန်ဆန်တက်ရောဂါတွင်လည်း အသုံးပြုသည်။
ဤရောဂါဖြစ်လျှင် အစာရေမျိုရောင်ခြင်း၊ ထိုမှတစ်ဖန် အနာဖြစ်ခြင်း၊ ထို့နောက် ကျဥ်းသွားခြင်း စသောအကျိုးဆက်များတစ်ဆင့်ပြီးတစ်ဆင့် ဖြစ်နိုင်ပါသည်။

ဆေးသောက်ရန်အညွှန်း
  ဟယ်လီကိုဘတ်တာ ပိုင်လော်ရီအမြစ်ဖြတ်ချေမှုန်းရန်အတွက် အီဆိုမီပရာဇော ၂၀ မီလီဂရမ်၊ အမောက်ဆီစလင် ၁ ဂရမ်(၁၀၀၀မီလီဂရမ်)နှင့် ကလယ်ရီသရိုမိုင်စင် ၅၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် တစ်ပတ်
သို့မဟုတ် နှစ်ပတ်သောက်ရသည်။ အခြားတစ်နည်းမှာ အီဆိုမီပရာဇော ၂၀ မီလီဂရမ်၊ ကလယ်ရီသရိုမိုင်စင် ၅၀၀ မီလီဂရမ်နှင့်မက်ထရိုနီဒါဇော ၄၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် တစ်ပတ် သို့မဟုတ် နှစ်ပတ်သောက်ခြင်းဖြစ်သည်။
အစာအိမ်မှ အစာရေမျိုသို့ အစာချေရည် ပြန်ဆန်တက်ရောဂါအတွက် ၄၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် လေးပတ်သောက်ရသည်။ ရှင်းရှင်းမပျောက်သေးလျှင် ရောဂါလက္ခာပြနေသေးလျှင် နောက်ထပ်လေးကတ်ထပ်သောက်နိုင်သည်။
ပြန်မဖြစ်အောင် ၂၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ဆက်သောက်ရပါမည်။
အစာရေမျိုနာမဖြစ်သေးသော်လည်း ရောဂါလက္ခဏာပြနေလျှင် ၂၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် လေးပတ်အထိ သောက်နိုင်ပါသည်။ ထို့နောက် လက္ခဏာပေါ်သည့်အချိန် ၂၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် သောက်ရပါမည်။

ဘေးထွက်ဆိုးကျိုးများ
  ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ လေပွခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း စာသော အစာလမ်းကြောင်းဆိုင်ရာ ဆေးအပြစ်များဖြစ်နိုင်ပါသည်။ ထို့ပြင် ခေါင်းကိုက်ခြင်း၊ ခေါင်းနောက်ခြင်းတို့လည်းဖြစ်တတ်ပါသည်။
ဖြစ်နိုင်သည့်အခြား ဆေးအပြစ်များမှာ အာခြောက်ခြင်း၊ အိပ်မပျော်ခြင်း၊ အိပ်ငိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မျက်စိပြာခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ အရေပြားနာဖြစ်ခြင်းတို့ ဖြစ်တတ်ပါသည်။
အသည်းလုပ်ငန်းချွတ်ယွင်းခြင်း၊ ဖောရောင်ခြင်း၊ သွေးရောဂါဖြစ်ခြင်း၊ ဆေးမတည့်ခြင်းတို့မှာ အလွန်ရှားပါးသောအပြစ်များ ဖြစ်သည်။

ကြိုတင်သတိပြုရန်
  ဆေးကိုရေဖြင့်မျိုချရပါမည်။ ဝါးမစားရပါ။ အသည်းရောဂါဆိုးဆိုးရွားရွားရှိသူများ တစ်နေ့ ၂၀ မီလီဂရမ် ထက်ပိုမသောက်သင့်ဟုဆိုပါသည်။ ကျောက်ကပ်လုပ်အားလျော့နေသူများ သတိပြုသုံးစွဲနိုင်သည်။ ကိုယ်ဝန်ဆောင်များ၊
နို့တိုက်မိခင်များအတွက် အန္တရာယ်မရှိဟူသော အာမခံချက်မရှိပါ။ ဤဆေးသောက်လိုက်လျှင် ခံစားနေရသည်များ သက်သာသွားသောကြောင့် စောစီးစွာသိရှိကုသ သင့်သောအစာအိမ်ကင်ဆာကဲ့သို့သော ရောဂါ၏လက္ခာဏာများကိုဖုံးကွယ်
လိုက်သလို ဖြစ်သွားနိုင်သည်ကို သတိမူရပါမည်။
ရှောင်ရန်
  ကလေးများ မသုံးသင့်ပါ။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ ရှောင်သင့်သည်ဟု ဆိုပါသည်။