Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 22500
  • Cefixime K-CEF 200mg (10x10's)
  • Cefixime 200mg
  • 10x10's Tables

Cefixime 200mg

Description

Cefixime
Third generation cephalosporins ဆက်ဖယ်လိုစပိုရင် တတိယမျိုးဆက် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ အခြား ဆက်ဖယ်လိုစပိုရင် စားဆေးများထက် အာနိသင်ပိုရှည်ကြာသည်။ဂရမ်ပေါ့ဇတစ်နှင့် ဂရမ်နဂ္ဂတစ် ဘက်တီးရီးယားများကို သေစေနိုင်သည်။

ပျောက်ကင်းနိုင်သောရောဂါများ

ဂရမ်ပေါ့ဇတစ်နှင့် ဂရမ်နဂ္ဂတစ် ဘက်တီးရီးယားပိုးဝင်ကူးစက်ရောဂါအမျိုးမျိုးတွင် အသုံးပြုနိုင်သည်။ ဆီးလမ်းကြောင်းရောင်ခြင်း၊ အလယ်နားရောင်ခြင်း၊ နှာခေါင်သွေးအိတ်ရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်း၊လေပြွန်ရောင်ခြင်းစသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ကူးစက်ခြင်းရောဂါများတွင် အသုံးပြုသည်။ အရေပြားပေါ်တွင်ဖြစ်သော ဘက်တီးရီးယားရောဂါအမျိုးမျိုးတွင်လည်း အသုံးဝင်သည်။ အဓိကအားဖြင့်ရုတ်တရက်ဖြစ်သော ဘက်တီးရီးယားပိုးဝင်ကူးစက်ရောဂါများအတွက် သုံးလေ့ရှိသည်။ ဂနိုးရီးယားရောဂါအတွက်လည်း သုံးနိုင်သည်။

ဆေးသောက်ရန်အညွှန်း
စားဆေးဖြစ်သည်။ လူကြီးနှင့် ၁၀ နှစ်အထက်ကလေးများအတွက် ၂၀၀ မှ ၄၀၀ မီလီဂရမ် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခွဲပေးရသည်။ ခြောက်လအထက် ကလေးများအတွက် ကိုယ်အလေးချိန် တစ်ကီလိုလျှင်တစ်နေ့အတွက် ၈ မီလီဂရမ်နှုန်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခွဲပေးနိုင်သည်။ ဂနိုးရီးယားရောဂါအတွက် ၄၀၀ မီလီဂရမ်ကို တစ်ကြိမ်တည်းပေးရသည်။

ဘေးထွက်ဆိုးကျိုးများ
ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်း စသောအစာလမ်းကြောင်းဆိုင်ရာ ဆေးအပြစ်များအပြင် ဆေးချိန်များလျှင် ပဋိဇီဝဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်း ဖြစ်နိုင်ပါသည်။အဖုအပိမ့်ထွက်ခြင်း၊ ယားခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ ဖျားခြင်း၊ အဆစ်နာခြင်း စသော ဓာတ်မတည့်သည့်လက္ခဏာများပေါ်နိုင်ပါသည်။ ပြင်းထန်လျှင် သွေးလန့်ခြင်းပင် ဖြစ်နိုင်ပါသည်။ကျောက်ကပ်ရောင်ခြင်း၊ သွေးရောဂါများဖြစ်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ စိတ်တိုခြင်း၊ စိတ်ရှုပ်ထွေးဝေခွဲမရခြင်း၊ မရှိသည်ကို ရှိသယောင်မြင်ခြင်း၊ အိပ်မပျော်ခြင်း၊ ခြေလက်မသယ်ချင်ဖြစ်ခြင်းစသောဆေးအပြစ်များလည်း ရှိသည်။

သတိပြုရန်/ရှောင်ရန်
ပယ်နင်စလင် မတည့်သူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ သတိဖြင့်သုံးစွဲရသည်။
ဆက်ဖယ်လိုစပိုရင် ဆေးမတည့်သူများ။


.