Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 7000
  • Roxithromycin ROX - 150 (10x10's)
  • Roxithromycin 150mg
  • 10x10's Tables

Roxithromycin 150mg

Description

Roxithromycin (ရိုစီထရိုမိုင်စင်)
အယ်ရီထရိုမိုင်စင်နှင့်တစ်အုပ်စုတည်း မက်ခရိုလိုက်ပဋိဇီ၀ဆေးတစ်မျိုးဖြစ်သည်။ အယ်ရီထရိုမိုင်စင်နှင့် ဘက်တီးရီးယား နှိမ်နှင်းနိုင်သောအာနိသင်ချင်းတူညီပြီး အချို့ဘက်တီးရီးယားများအပေါ် Erythromycin ထက်ပင် ပို၍အာနိသင်ထက်မြက်သည်ဟုဆိုသည်။

ပျောက်ကင်းနိုင်သောရောဂါများ
အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်းစသော အသက်ရှူလမ်းကြောင်းဆိုင်ရာဘက်တီးရီးယားရောဂါများ၊ အလယ်နားရောင်ခြင်း၊ ခံတွင်းအနာဖြစ်ခြင်း၊ အာသီးရောင်ခြင်း စသောဘက်တီးရီးယားရောဂါများ၊ဆီးလမ်းကြောင်းဘက်တီးရီးယားပိုးဝင်ခြင်း၊ ဂနိုးရီးယားရောဂါနှင့်အရေပြားအောက်ဘက်တီးရီးယား ရောဂါအမျိုးမျိုးတွင်အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း
စားဆေးဖြစ်သည်။ လူကြီး ၁၅၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်အစာမစားခင် နာရီဝက်ကြိုသောက်ရသည်။ ကလေးများအတွက် ကိုယ်အလေးချိန်တစ်ကီလိုလျှင် ၂.၅-၅ မီလီဂရမ်နှုန်း တစ်နေ့နှစ်ကြိမ်ပေးနိုင်သည်။

ဘေးထွက်ဆိုးကျိုးများ
ပြင်းထန်သောဆေးအပြစ်မရှိဟုဆိုပါသည်။ ပျို့အန်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း စသည်တို့ဖြစ်တတ်ပါသည်။ အခြားဆေးအပြစ်များမှာ အားနည်းခြင်း၊ မအီမသာဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊
မှက်ခရုဖြစ်ခြင်း၊ ခေါင်းနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နားအူခြင်း၊ ခေါင်းမူးခြင်း၊ ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အင်ပျဉ်ထွက်ခြင်း၊ နှင်းခူဖြစ်ခြင်း စသည်တို့ဖြစ်ပါသည်။

ကြိုတင်သတိပြုရန် / ရှောင်ရန်
အခြား မက်ခရိုလိုက် ပဋိဇီ၀ဆေးတစ်မျိုးမျိုး(ဉပမာ အဇီထရိုမိုင်စင်၊ ကလယ်ရီထရိုမိုင်စင်၊ အယ်ရီထရိုမိုင်စင် စသည်ဖြင့်) နှင့် မတည့်သူများတွင် သတိထားအသုံးပြုရမည်။ ဤဆေးနှင့်လည်း တည့်ချင်မှတည့်ပါမည်။
ဤဆေးနှင့်မတည့်သူများ၊ အသည်းရောဂါပြင်းပြင်းထန်ထန်ခံစားနေရသူများ မသုံးရပါ။