Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 0
  • Ciprofloxacin 500mg ( CIPRIN )10x10's
  • Ciprofloxacin USP 500mg
  • 10x10's Tables

Ciprofloxacin USP 500mg

Description

Ciprofloxacin
(ဆိုင်ပရိုဖလောက်ဆာစင်)
  ကွီနိုလုံးအုပ်စု ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ဆာလ်မိုနဲလား၊ ရှီဂျဲလား၊ ကမ်ပိုင်လိုဘက်တာ နိုင်စီးရီးယားနှင့် ဆူဒိုမိုးနပ်စ်အပါအဝင် ဂရမ်နဂ္ဂတစ်ဘက်တီးရီးယားများကိုအထူးနိုင်နင်းသည်။စထရက်တိုကော့ကပ်စ် နယူမိုနီယေးနှင့် အင်တရိုကော့ကပ်စ် ဖီးကယ်လစ် စသော ဂရမ်ပေါ့ဇတစ် ဘက်တီးရီးယားများအပေါ်တွင် အာနိသင်သက်ရောက်မှုအနည်းငယ်ရှိသည်။ ကလယ်မိုင်းဒီးယားနှင့်မိုင်ကိုဘက်တီးရီးယားအချို့မှာလည်း အာနိသင်သက်ရောက်နိုင်သည်။ လေမဲ့ရှင်သန်ပိုးအများစုကိုလုံးဝမနိုင်ဟု ဆိုသည်။

အသုံး ပြုနိုင်သောရောဂါများ
  လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းစသော အသက်ရှူလမ်းကြောင်းဘက်တီးရီးယား ပိုးဝင်ရောဂါများ(နယူမိုကော့ကပ်ကြောင့်ဖြစ်သော အဆုတ်ရောင်ခြင်းမပါ)ဆီးလမ်းကြောင်း ဘက်တီးရီးယား ပိုးဝင်ရောဂါများ။ တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားရောဂါ အပါအဝင် အစာလမ်းကြောင်းဘက်တီးရီးယား ပိုးဝင်ရောဂါများ။ဂနိုရီးယားနှင့် ဤဆေးနှိမ်နင်းနိုင်သော ဘက်တီးရီးယား ကြောင့်ဖြစ်သော သွေးဆိပ်တက်ခြင်းတို့တွင် အသုံးပြုသည်။

ဆေးဝါးသုံးစွဲပုံအညွှန်း
  စားဆေး ယေဘုယျဆေးချိန်မှာ ၅၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်ဖြစ်သည်။ ကိုယ်အလေးချိန်နည်းသူများ သက်ကြီးရွယ်အိုများတွင် ၂၅၀ မီလီဂရမ်၊
ရောဂါပြင်းထန်သူများ ကိုယ်အလေးချိန်များသူများတွင် ၇၅၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သောက်ရသည်။ဆီးကြိတ်ရောင်ရောဂါအတွက် ၅၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ၂၈ ရက်သောက်ရပြီး၊ ဂနိုရီးယားရောဂါအတွက် မူ ၅၀၀ မီလီဂရမ် တစ်ကြိမ်တည်းသောက်ရုံဖြင့် လုံလောက်သည်ဟုဆိုပါသည်။ အကြောထိုးဆေး(သွေးကြောတွင်းသို့ တိုက်ရိုက်အစက်ချဆေးပုလင်း) အဖြစ် ၂၀၀ မီလီဂရမ် မှ ၄၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်သွင်းရသည်။ အနည်းဆုံး နာရီဝက် တစ်နာရီကြာအောင် သွင်းရပါသည်။ ခွဲစိပ်ကုသမည့် လူနာများ မခွဲခင်တစ်နာရီ၊ တစ်နာရီခွဲခန့်ကြိုပြီးဆေးသွင်းခြင်းဖြင့် ဘက်တီးရီးယားပိုးဝင်ခြင်းကို ကာကွယ်နိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ
  ပျို့ခြင်း၊ အန်ခြင်း၊ အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းနောက်ခြင်း၊ အိပ်မပျော်ခြင်းတို့ဖြစ်နိုက်ပါသည်။ အစာမျိုရခက်ခြင်း၊ ပန်ခရိယရောင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ ဖောရောင်ခြင်း၊ တစ်ကိုယ်လုံးပူရှိန်းလာခြင်း၊ ချွေးထွက်ခြင်း၊ နားအူခြင်း၊ နေရောင်မခံနိုင်ခြင်းတို့ဖြစ်တတ်ပါသည်။ဆေးမတည့်ခြင်းကြောင့် ယားယံခြင်း၊ အင်ပျဥ်ထခြင်း၊ သွေးလန့်ခြင်းတို့ဖြစ်နိုင်ပါသည်။ စတီဗင်ဂျွန်ဆင် လက္ခဏာစုဟုခေါ်သော အလွန်ပြင်းထန်သည့်ဆေးမတည့်ခြင်းရှားပါးသော်လည်း မဖြစ်ဟုမဆိုနိုင်ပါ။

ကြိုတင် သတိပြုရန် ရှောင်ရန်
  ဝက်ရူးပြန်ရောဂါ သို့မဟုတ် တက်တတ်သည့်ရောဂါ ရာဇဝင်ရှိသူများ၊ ဂျီစစ်ပီဒီချို့တဲ့သူများ၊ မိုင်ယာစတီးနီးယား ဂရဲဗစ်ခေါ် ကြွက်သားအားနည်းရောဂါရှိသူများ သတိပြုသုံးစွဲရမည်။ ကျောက်ကပ်လုပ်အား လျော့နေသူများ ဆေးချိန်လျှော့ရပါမည်။ ဤဆေးသောက်နေသူများ၊ ထိုးနေသူများ နေပူကျဲကျဲမသွားသင့်ပါ။ နေလောင်ခြင်းဖြစ်နိုင်ပါသည်။ဤဆေးသောက်ပြီး ရေများများသောက်ရပါမည်။ဝက်ရူးပြန်ရောဂါရှိသူများ၊ ဂျီစစ်ပီဒီချို့တဲ့သူများ၊ ကြွက်သားအားနည်းရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များမသုံးသင့်ပါ။