Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 4200
  • Omeprazole Zosec (10x1x10)
  • Omeprazole 20mg
  • 10x1x10 Capsules

Omeprazole 20mg

Description

Zosec သည် Omeprazole 20mg ပါဝင်သောအစာအိမ်ရောဂါပျောက်ဆေးတစ်မျိုးဖြစ်ပါသည်။၄င်းဆေးကိုအစာအိမ်ထဲတွင် အက်ဆစ်များလွန်းသော အ ခြေအ နေကို ကာကွယ်ကုသရန်အသုံးပြူသည်။တစ်နည်းဆိုသော် အစာအိမ်နံရံ ဆဲလ်များ၏ဟိုက်ဒရိုကလိုရစ်အက်ဆစ်ထုတ်လုပ်မှု့ကိုလျှော့ချဟန့်တားပေးနိုင်သောဆေးဖြစ်ပါသည်။

ပျောက်ကင်းနိုင်သောရောဂါများ
အစာစားချိန်မမှန်ခြင်း၊အရက်သေစာသောက်စားခြင်း၊ဆေးလိပ်သောက်သုံးခြင်း၊အကိုက်အခဲပျောက်ဆေးဝါးများအလွန်အကျွန်သုံးစွဲခြင်းကြောင့်
အစာအိမ်နံရံပါးကာအက်ဆစ်ဓါတ်ထုတ်လွှတ်မှု့များခြင်းကြောင့်ဖြစ်ပေါ်လာသော အစာအိမ်နာ ဗိုက်အောင့်ခြင်းများကို သက်သာပျောက်ကင်းစေရန်အသုံးပြုနိုင်သည်။အစာခြေရည်နာဖြစ်စေသော Helicobacter pylori [ ဟယ်လီကိုဗတ်တာ ပိုင်လော်ရီ ] ဘတ်တီးရီးယားကို အမြစ်ဖြတ်ချေမှုန်းရန်အတွက် ပဠိဇီဝဆေးများနှင့်တွဲဖက်အသုံးပြုနိုင်သည်။
Zollinger-Ellison syndrome ဇိုလင်ဂါအယ်လင်စင် ဟုခေါ်သော အစာခြေရည်အထွက်များသည့်ရှားပါးသော ရောဂါတစ်မျိုးအတွက်လည်း အသုံးပြုလို့ရသည်။

ဆေးသောက်ရန်အညွှန်း
အစာစားချိန်မမှန်ခြင်း၊အရက်သေစာသောက်စားခြင်း၊ဆေးလိပ်သောက်သုံးခြင်း၊အကိုက်အခဲပျောက်ဆေးဝါးများအလွန်အကျွန်သုံးစွဲခြင်းတို့ကြောင့်ဖြစ်သော အစာအိမ်နာ ဗိုက်အောင့်ရောဂါ အူသိမ်ဦးပိုင်းရောဂါ များအတွက်
Omeprazole 20mg ( Zosec )ကို တစ်နေ့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ် နှစ်ပတ်မှ လေးပတ် ရောဂါသက်သာသည်အထိ သောက်သုံးနိုင်ပါသည်။ရှစ်ပတ်အထိသောက်သုံးလို့ရပါသည်။
Helicobacter pylori [ ဟယ်လီကိုဗတ်တာ ပိုင်လော်ရီ ] ဘတ်တီးရီးယားကို အမြစ်ဖြတ်ချေမှုန်းရန်အတွက် Omeprazole 20mg (Zosec)တစ်နေ့နှစ်ကြိမ် ၊Amoxicillin 1000mg
တစ်နေ့နှစ်ကြိမ်၊ Clarithromycin 500mg တစ်နေ့နှစ်ကြိမ် တစ်ပတ်သို့မဟုတ် နှစ်ပတ်သောက်ရပါမည်။
တခြားတစ်နည်းဖြင့် Omeprazole 20mg ( Zosec )တစ်နေ့နှစ်ကြိမ် ၊Metronidazole 400mg တစ်နေ့နှစ်ကြိမ်၊ Clarithromycin 500mg တစ်နေ့နှစ်ကြိမ် တစ်ပတ်သို့မဟုတ်
နှစ်ပတ်သောက်ရပါမည်။နောက်တစ်နည်းမှာ Omeprazole 20mg ( Zosec )တစ်နေ့နှစ်ကြိမ် ၊Metronidazole 400mg တစ်နေ့သုံးကြိမ်၊ Amoxicillin 500mg တစ်နေ့သုံးကြိမ် တစ်ပတ်သို့မဟုတ်
နှစ်ပတ်သောက်ရပါမည်။

ဇိုလင်ဂါအယ်လင်စင် ရောဂါအတွက် omeprazole 60mg ( Omeprazole 3လုံး )တစ်နေ့ တစ်ကြိမ်စပေးရသည်။20mgမှ120mg အတွင်းဆေးကို ချိန်ဆတိုးပေးရသည်။80mg ထက်ပိုပါက နှစ်ကြိမ်ခွဲပေးသင့်သည်။

ဘေးထွက်ဆိုးကျိုးများ

ဗိုက်နာခြင်း၊ရင်ကယ်ခြင်း၊အန်ခြင်း၊ပျို့ခြင်း၊ဝမ်းလျှောခြင်းသို့မဟုတ်ဝမ်းချုပ်ခြင်း၊ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊အိပ်ငိုက်ခြင်း၊အိပ်မပျော်ခြင်း၊မျက်စိပြာခြင်း၊ယားယံခြင်း၊အဖုအပိန့်ထွက်ခြင်း၊အာခြောက်ခြင်းတို့ဖြစ်နိုင်ပါသည်။ခြေလက်ထုံကျဥ်ခြင်း၊

ဆံပင်ကျွတ်ခြင်း၊အမျိုးသားများနို့စူလာခြင်းတို့လည်းဖြစ်နိုင်ပါသည်။
ကြိုတင်သတိပြုရန်
ကိုယ်ဝန်သည်များနို့တိုက်မိခင်များအတွက် စိတ်ချရသောထောက်ခံချက်မရှိသေးပါ။ဆေးကို ချိုးဖဲ့ခြင်း ဝါးစားခြင်းမပြုလုပ်ရပါ။ရေဖြင့်မျိုချသောက်သုံးရပါမည်။နာတာရှည်အစာခြေရည်ရောဂါများအတွက်အစာအိမ်မှန်ပြောင်းကြည့်ပြီးမှသာသောက်
သုံးသင့်ပါသည်။သို့မဟုတ်ပါက ကင်ဆာရောဂါလက္ခဏာများကို ဖုံးကွယ်ထားသလို ဖြစ်ပြီး ကင်ဆာမှန်းသိသည့်အချိန်တွင် အလွန်နောက်ကျသွားတတ်ပါသည်။




.