Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 0
  • COTROX (10x10's)
  • Cotrimoxazole
  • 10x10's Tables
  • ပြတ်

Sulfamethoxazole 400mg+Trimethoprim 80mg

Description

Co-Trimoxazole(ကို-ထရိုင်မောက်ဆာဇော)

ထရိုင်မီသော်ပရင်နှင့်   ဆာလဖာမီသောက်ဆာဇော ဆေးနှစ်မျိုးကို ၁.၅     အချိုးဖြင့် ပေါင်းစပ်ထားသောဆေးဖြစ်သည်။ ဘက်တီးရီးယားများကိုသေစေနိုင်သော အာနိသင်ကောင်းမွန်လင့်ကစားရှားသော်လည်း ဆိုးဝါးပြင်းထန်လွန်းသည့် ဆေးအပြစ်များကြောင့် အသုံးပြုခြင်း တစ်စတစ်စနည်းလာပြီဖြစ်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
အဓိကအားဖြင့် နယူမိုစစ်စတစ်ကရီနိုင်း အဆုတ်ရောင်ရောဂါများတွင် အသုံးပြုသည်။ ဤရောဂါသည် ခုခံအားကျဆင်းနေသူများ(ဥပမာ ကင်ဆာဆေးကုထုံးဖြင့် ကုသမှုခံယူနေသော ကင်ဆာရောဂါသည်များ၊ အေ့ဒ်စ်ဝေဒနါရှင်များ)တွင် ပို၍ဖြစ်လွယ်ပါသည်။ ငှက်နှင့်တိရစ္ဆာန်တို့တွင် ဖြစ်ပြီး လူကိုကူးစက်နိုင်သော တော့ဆိုပလပ်စ်မိုးစစ်ခေါ် လင့်ကြိတ်ရောင်ဖျားရောဂါတွင်လည်း သုံးသည်။ အဆုတ်၊ အရေပြားနှင့် ဦးနှောက်တွင် ပြည်တည်နာဖြစ်စေသော နိုကာဒီးယား ဘက်တီးရီးယားရောဂါတွင်လည်း အသုံးပြုနိုင်သည်။ နာတာရှည်လေပြွန်ရောင်ရောဂါ၊ ဆီးလမ်းကြောင်း ဘက်တီးရီးယားပိုးဝင်   ရောဂါနှင့် ကလေးများ အလယ်နားရောင်ရောဂါတို့တွင်ပိုးမွေးပြီးပဋိဇီဝဆေးသက်ရောက်   နိုင်မှု စစ်ဆေးချက်အရ ဤဆေးသာလျှင် အကောင်းဆုံးဟု ယူဆမှသာ ပေးသင့်ပါသည်။

ဆေးသောက်ရန်အညွှန်း
စားဆေးရော ထိုးဆေးပါ ရှိသည်။ စားဆေးတစ်လုံးတွင် ဆာလဖာမီသောက်ဆာဇော ၄၀၀ မီလီဂရမ်နှင့် ထရိုင်မီသော်ပရင် ၈၀ မီလီဂရမ် စုစုပေါင်း ၄၈၀ မီလီဂရမ် ပါဝင်သည်။ များသောအားဖြင့် ၉၆၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ပေးလေ့ရှိသည်။ ကလေးများခြောက်ပတ်မှ ငါးလ ၁၂၀ မီလီဂရမ်၊ ခြောက်လမှ ငါးနှစ် ၂၄၀ မီလီဂရမ်၊ ခြောက်နှစ်မှ ဆယ့်နှစ်နှစ် ၄၈၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်ပေးနိုင်ပါသည်။ ပြင်းထန်သောရောဂါများတွင် အကြောထိုးဆေးအဖြစ် အသုံးပြုနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ
ပျို့ခြင်း၊ အန်ခြင်း၊ အဖုအပိမ့်ထွက်ခြင်းတို့ဖြစ်တတ်ပါသည်။ အဖုအပိမ့်သည် စတီဗင်ဂျွန်ဆင် လက္ခဏာစုအပြင် အရေပြားအပြင်လွှာယိုယွှင်းခြင်းနှင့် အလင်းရောင်ဒဏ်မခံနိုင်ခြင်းဟူသောဆေးအပြစ်များကြောင့် ဖြစ်နိုင်ပါသည်။ ဤသို့ဖြစ်လျှင် ဆေးကိုချက်ချင်းရပ်ရပါမည်။ သွေးဖြူဥနည်းခြင်း၊ သွေးဥမွှားနည်းခြင်း၊ စသော သွေးရောဂါဖြစ်စေခြင်းဟူသော ဆေးအပြစ်များပေါ်လာလျှင်လည်း ဆေးကိုရပ်ရပါမည်။ဆေးမတည့်သည့်လက္ခဏာများ၊ နှလုံးကြွက်သားရောင်ခြင်း၊ ဝမ်းလျှောခြင်း၊ လျှာနာခြင်း၊ အာခေါင်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကြွက်သားနာခြင်း၊ အဆစ်နာခြင်း စည်တို့ရှားပါးသော်လည်း ဖြစ်နိုင်ပါသည်။ အသည်းထိခိုက်ခြင်း၊ ပန်ခရိယရောင်ခြင်း၊ ပဋိဇီဝဆေးကြောင့် အူမကြီးရောင်ခြင်း၊ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊ တက်ခြင်း၊ ခြေလက်ထုံကျဥ်ခြင်း၊ နားအူခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းနောက်ခြင်း၊သွေးအားနည်းခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်းတို့လည်း ဖြစ်နိုင်သည်ဟုဆိုသည်။

ကြိုတင်သတိပြုရန်
အသည်းရောဂါရှိသူများ၊ ကျောက်ကပ်ရောဂါရှိသူများ သတိပြုသုံးစွဲရမည်။ ယင်းဝေဒနာများပြင်းထန်လျှင် မသုံးသင့်ပါ။ ရေများများသောက်ပေးရပါမည်။ သွေးရောဂါရှိသူများလည်းသတိပြုသုံးစွဲရမည်။ ရေရှည်အသုံးပြုလျှင် သွေးဆဲလ်အရေအတွက်ကို မကြာခဏစစ်ဆေးသင့်သည်။ ပန်းနာရင်ကျပ်ဝေဒနာရှင်များ၊ ဂျီစစ်ပီဒီ ချို့တဲ့သူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ သတိဖြင့်သုံးစွဲသင့်ပါသည်။အသည်းရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရသူများ၊ ကျောက်ကပ်ရောဂါဆိုးဆိုးရွားရွားဖြစ်နေသူများ၊ သွေးရောဂါတစ်ခုခုဖြစ်နေသူများ၊ အသက်ခြောက်ပတ်အောက် ကလေးငယ်များ၊ ဤဆေးနှင့်မတည့်သူများ မသုံးသင့်ပါ။