Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 4100
  • Ranitidine 150mg ( Rloc ) (10x10's)
  • Ranitidine 150mg
  • 10x10's Tables

Ranitidine BP 150mg

Description

RLOC ( Ranitidine ) ဆေးသည်အစာအိမ်မှ ဟိုက်ဒြိုကလိုရစ်အက်ဆစ်ထုတ်လုပ်မှုကိုလျော့ကျစေသောအစာအိမ်နာ ဗိုက်အောင့်ပျောက်‌ဆေးတစ်မျိုးဖြစ်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
အစာအိမ်မှ အစာရေမျိုသို့ အစာခြေရည်ပြန်ဆန်တက်ရောဂါ၊ အစာအိမ်နာနှင့် အူသိမ်ဦးပိုင်းနာ၊ နာတာရှည်အစာမကြေရောဂါနှင့် အင်ဆက်စ်အေအိုင်ဒီခေါ် စတီးရွိုက်မဟုတ်သော ရောင်လျော့ဆေးများကြောင့်ဖြစ်သော အစာလမ်းကြောင်းနာများတွင်အသုံးပြုသည်။ အစာခြေရည်နာဖြစ်စေသော ဟယ်လီကိုဘက်တာ ပိုင်လော်ရီအမြစ်ပြတ်သုတ်သင်ရန်လည်း ပဋိဇီဝဆေးများနှင့်တွဲဖက်အသုံးပြုနိုင်သည်။
ဆေးညွှန်းနှင့်အသုံးပြုပုံ
စားဆေး ထိုးဆေး နှစ်မျိုးရှိသည်။ စားဆေးကို များသောအားဖြင့် ၁၅၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် သို့မဟုတ် ၃၀၀ မီလီဂရမ် ညအိပ်ရာဝင်ပေးလေ့ရှိသည်။ အင်အက်စ် အေအိုင်ဒီ ကြောင့်ဖြစ်သော အစာလမ်းကြောင်းနာများကုသရန်သို့မဟုတ် ကာကွယ်ရန် ၃၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ပေးရပါသည်။ ထိုးဆေးကို အစာလမ်းကြောင်းနာမှ သွေးယိုသောအခါနှင့် ခွဲစိတ်ကုသရာတွင်လည်းကောင်း၊မီးဖွားရာတွင်လည်းကောင်း အစာခြေရည်အထွက်နည်းစေရန် အသုံးပြုလေ့ရှိသည်။အခြားပြင်းထန်သောရောဂါတစ်မျိုးမျိုး၏ဖိစီးမှုကြောင့်(ဥပမာ နာတာရှည်ကျောက်ကပ်အားလျော့ခြင်း၊ အသည်းရောဂါကြောင့်မေ့မြောခြင်း စသည်ဖြင့်) အစာခြေရည်အထွက်များ၍ အစာလမ်းကြောင်း အနာဖြစ်ခြင်းမှ ကာကွယ်ရန်လည်း အသုံးပြုနိုင်သည်။ များသောအားဖြင့် ၅၀ မီလီဂရမ် ရှစ်နာရီခြားတစ်ကြိမ် အကြောထိုးဆေး
သို့မဟုတ် အသားထိုးဆေး ထိုးလေ့ရှိသည်။
ဘေးထွက်ဆိုးကျိုးများ
ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နုံးခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အသည်းလုပ်ငန်းထိခိုက်ခြင်းတို့ဖြစ်တတ်ပါသည်။ နှလုံးခုန်မြန်ခြင်း၊ စိတ်တိုခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မျက်စိကြည့်မကောင်းခြင်းတို့ဖြစ်နိုင်သော်လည်း ရှားပါသည်။
ကြိုတင်သတိပြုရန်
အသည်းမကောင်းသူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ သတိပြုသုံးစွဲသင့်သည်။ အသက်အရွယ်ကြီးသူများတွင်ခံစားနေရသော ဝေဒနါသည်ကင်ဆာမဟုတ်ကြောင်း သေချာမှသာ အသုံးပြုသင့်သည်။
သို့မဟုတ်ပါက ရောဂါလက္ခဏာများကို ဖုံးကွယ်ထားသလိုဖြစ်ပြီး ကင်ဆာမှန်းသိသည့်အခါ ကုသရန် နောက်ကျသွားနိုင်သည်။






.