Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 2950
  • Metronidazole ( Metrogyl ) ( 10x10's )
  • Metronidazole 200mg
  • 10x10's Tables

Metronidazole BP 200mg

Description

Metronidazole
ဘက်တီးရီးယား၊ ပရိုတိုဇိုးဝါး၊ အမီးဘားတို့ကြောင့်ဖြစ်သောရောဂါများကုသရန် အသုံးပြုသောဆေးဖြစ်သည်။

လေမဲ့ရှင်သန်ဘက်တီးရီးယားများနှင့် ရောဂါဖြစ်စေသော ပရိုတိုဇိုးဝါးများကို အထူးနိုင်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
လေမဲ့ရှင်သန် ဘက်တီးရီးယားပိုးဝင်ရောဂါများ၊ ပဋိဇီဝဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်း၊ အမျိုးသမီး
မျိုးပွားအင်္ဂါများရောင်ခြင်း၊ သွားဖုံးရောင်ခြင်း၊ အိပ်ယာထဲလှဲနေသော လူနာများတွင်ဖြစ်လေ့ရှိသော တင်ပါးနှင့်
ကျော အနာများနှင့်ခွဲစိတ်လူနာများတွင် ဘက်တီးရီးယား ပိုးဝင်ခြင်းမဖြစ်အောင် ကာကွယ်ရန်အသုံးပြုသည်။
အမီးဘားဝမ်းကိုက်ရောဂါအတွက် ပထမဦးစားပေးဆေးဖြစ်သည်။ ဝမ်းကိုက်ပိုး အသည်းသို့ရောက်၍ဖြစ်သော
အမီးဘားအသည်းပြည်တည်နာတွင်လည်း ခွဲစိတ်ကုသမှုဆိုင်ရာကုထုံးဖြစ်သော ပြည်စုပ်ထုတ်ခြင်းနှင့်တွဲဖက် အ
သုံးပြုလေ့ရှိသည်။အစာခြေရည်နာဖြစ်စေသော ဟယ်လီကိုဘက်တာပိုင်လော်ရီ ဘက်တီးရီးယားအမြစ်ပြတ်သုတ်
သင်ရန်လည်း အခြားဆေးများနှင့်တွဲ၍ အသုံးပြုနိုင်သည်။ မျက်နှာတွင်ဖြစ်သော ဝက်ခြံအတွက်လည်း လိမ်းဆေး
အဖြစ် အသုံးပြုလေ့ရှိသည်။

ဆေးသောက်ရန်အညွှန်း
ဘက်တီးရီးယားရောဂါများနှင့်ဝမ်းကိုက်ရောဂါ၊ အသည်းပြည်တည်နာများအတွက် စားဆေး ၄၀၀ မီလီဂရမ် တစ်
နေ့သုံးကြိမ် ခုနှစ်ရက်ပေးလေ့ရှိသည်။ ထိုးဆေးအဖြစ် ၅၀၀ မီလီဂရမ် ပါဝင်သော ဆေးရည်ပုလင်းကို မိနစ်နှစ်
ဆယ်ကျော်ကျော်ကြာအောင် သွေးကြောထဲသို့ ရှစ်နာရီခြားတစ်ကြိမ် အစက်ချသွင်းရသည်။ ဝက်ခြံအတွက် လိမ်း
ဆေးဂျယ်များ၊ ကရင်မ်များရှိသည်။ တစ်နေ့လျှင်နှစ်ကြိမ် ပါးပါးလိမ်းရသည်။အစာခြေရည်အနာ ဘက်တီးရီးယား
သုတ်သင်ရန် Amoxicillin သို့မဟုတ် Clarithromycin အပြင် အစာအိမ်အက်ဆစ်ထွက်ခြင်းကို
တားဆီးသောဆေးတစ်မျိုးမျိုး(ဥပမာ Esomeprazole၊ Omeprazole စသည်ဖြင့်) နှင့်တွဲပေးလေ့ရှိသည်။
၄၀၀ မီလီဂရမ်တစ်နေ့နှစ်ကြိမ် ခုနှစ်ရက်ပေးရသည်။

ဘေးထွက်ဆိုးကျိုးများ
ပျို့ခြင်း၊ အန်ခြင်း၊ အလွန်ခါးသောအရာသာရှိခြင်း၊ လျှာအညှိတက်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ အဖုအပိမ့်ထွက်
ခြင်းတို့ဖြစ်တတ်ပါသည်။ အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း၊ ဆီးအရောင်ရင့်ခြင်း
နှင့်ဆေးမတည့်သည့် လက္ခဏာများဖြစ်သော ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အင်ပျဥ်ထခြင်း၊ ရောင်ကိုင်းခြင်း၊
သွေးလန့်ခြင်း စသည်တို့ဖြစ်ခဲပါသည်။

ကြိုတင်သတိပြုရန်
ဤဆေးသောက်ပြီးအရက်သောက်လျှင် အရက်ဖြတ်ဆေး ဒိုင်ဆာလ်ဖီရမ်သောက်ထားသကဲ့သို့ အသက်ရှူကျပ်ခြင်း၊
ခေါင်းကိုက်ခြင်း၊ ရင်တုန်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း ဖြစ်တတ်ပါသည်။ အသည်းရောဂါ ဆိုးရွားစွာခံစားနေရသူများအ
တွက် ပုံမှန်တစ်နေ့စာ ဆေးပမာဏ၏ သုံးပုံတစ်ပုံကို တစ်ကြိမ်သာ သောက်ရမည်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်
မိခင်များ ဆေးချိန်များများ မသောက်သင့်ဟုဆိုသည်။ ဝမ်းကိုက်ရောဂါအတွက် ဤဆေးပေးပြီးလျှင် ဒိုင်လောက်ဆ
နိုက်ဖျုအိုရိတ်ကို ၁၀ ရက် ဆက်ပေးရသည်။ ဝက်ခြံအတွက် လိမ်းဆေးလိမ်းထားပြီး ပူပြင်းသော နေရောင်နှင့်
ခရမ်းလွန်ရောင်ခြည်မထိစေရပါ။ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ ရှောင်သင့်ပါသည်။ ဤဆေးနှင့်မတည့်သူ
များ အသုံးမပြုရပါ။