Pain, အကိုက်အခဲပျောက်ဆေးများ

Ks - 22500
  • Alaxan tablets ( 10x10's )
  • Ibuprofen 200mg,Paracetamol 325mg
  • 10x10's Tables

Ibuprofen 200mg,Paracetamol 325mg

Description

Alaxan ဆေးသည်
(Paracetamol 325mg နှင့်Ibuprofen200mg)တို့ကို ပေါင်းစပ်ထားသော အကိုက်ခဲပျောက်စေရန်နှင့်အရောင်လျှော့စေရန်အတွက်အသုံးပြုနိုင်သော၊စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက် အရောင်လျော့ဆေးတစ်မျိုးဖြစ်ပါသည်။


ပျောက်ကင်းနိုင်သောရောဂါများ
အမျိုးသမီးများ မီးယပ်သွေးပေါ်စဥ်ကိုက်ခဲခြင်းအပါအ၀င်နာကျင်ကိုက်ခဲခြင်အမျိုးမျိုးတွင်လည်အသုံးပြုနိုင်သည့် အပြင် ခွဲစိတ်ပြီးစ နာကျင်ခြင်း၊ခေါင်းတခြမ်းကိုက်ခြင်းတို့တွင်လည်အသုံးပြုနိုင်ပါသည်။ အကိုက်ခဲပျောက်၍အဖျားကျဆေးသောအာနိသင်ရှိသည်။Paracetamolနှင့်ပေါင်စပ်ထားသဖြင့်အအေးမိနှာစေးခြင်း၊တုပ်ကွေးရောဂါတို့တွင်လည်အသုံးပြုနိုင်သည်။


ဆေးဝါးသုံးစွဲပုံအညွှန်း
ဆရာ၀န်ညွှန်းကြားချက်ဖြင့်သောက်သုံးသင့်ပါသည်။တခါသောက်တစ်လုံးတစ် နေ့ ၃ကြိမ်(သို့မဟုတ်)ဆရာ၀န်ညွှန်ကြားချက်ဖြင့်သောက်သုံးနိုင်ပါသည်။အကိုက်ခဲပျောက်ဆေးများသည်အစာအိမ်ကိုထိခိုက်စေနိုင်သဖြင့်အစာစားပြီမှသောက်သုံးသင့်ပါသည်။


ဘေးထွက်ဆိုးကျိုး
  ပျို့ခြင်း၊အန်ခြင်း၊အစာမကြေခြင်း၊နားအူခြင်း၊ဆီးတွင်းသွေးပါခြင်း စသောဆေးအပြစ်များလည်းဖြစ်နိုင်သည်။


ကြိုတင်သတိပြုရန်

 အစာခြေရည်အနာရှိသူများ၊အစာအိမ်လမ်းကြောင်းမှသွေးယိုသူများအသုံးမပြုသင့်သည့်အပြင်ကိုယ်၀န်ဆောင်မိခင်များနှင့်နို့တိုင်မိခင်များလည်သတိထားသင့်ပါသည်။