Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 8900
  • Pantoprazole (Pantolok 20 (10x10's)
  • Pantoprazole 20mg
  • 10x10's Tables

Pantoprazole USP 20mg

Description

Pantalok 20

Pantalok 20 Pantoprazole သည်အစာအိမ်မှ ဟိုက်ဒြိုကလိုရစ်အက်ဆစ်ထုတ်လုပ်မှုကို ဟန့်တားသောဆေးတစ်မျိုးဖြစ်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
အစာအိမ် အစာခြေရည်နာနှင့် အူသိမ်ဦးပိုင်း အစာခြေရည်နာတို့တွင် အသုံးပြုလေ့ရှိသည်။ အစာအိမ်မှ အစာရေမျိုသို့ အစာခြေရည်ပြန်ဆန်တက်ရောဂါအတွက်လည်း အသုံးပြုသည်။ အစာခြေရည်နာဖြစ်စေသော ဟယ်လီကိုဘက်တာ ပိုင်လော်ရီအမြစ်ပြတ်ချေမှုန်းရန် ပဋိဇီဝဆေးများနှင့် တွဲဖက်အသုံးပြုနိုင်သည်။ အင်အက်စ်အေအိုင်ဒီကြောင့်ဖြစ်သော အစာအိမ်နာနှင့် အူသိမ်ဦးပိုင်းနာများ ကာကွယ်ရန်နှင့်ကုသရန်အသုံးပြုနိုင်သည်။ ဇိုလင်ဂါအယ်လီဆင်လက္ခဏာစုဟုခေါ်သော အစာခြေရည်အထွက်များ၍ဖြစ်သည့်ရှားပါးသောရောဂါတစ်မျိုးအတွက်လည်း အသုံးပြုနိုင်သည်ဟု ဆိုပါသည်။

ဆေးသောက်ရန်အညွှန်း
စားဆေး ထိုးဆေးနှစ်မျိုးရှိသည်။ စားဆေး အစာအိမ်နာနှင့် အူသိမ်ဦးပိုင်းနာအတွက် ၄၀ မီလီဂရမ် နံနက်တစ်ကြိမ်သာသောက်ရသည်။ အစာအိမ်နာအတွက် လေးပတ်၊ ရှင်းရှင်းမပျောက်သေးလျှင် နောက်ထပ်လေးပတ်သောက်နိုင်သည်။ အူသိမ်ဦးပိုင်းနာအတွက် နှစ်ပတ်၊ ရှင်းရှင်းမပျောက်သေးလျှင် နောက်ထပ်နှစ်ပတ် သောက်နိုင်ပါသည်။
အစာအိမ်မှ အစာရေမျိုသို့ အစာခြေရည်ပြန်ဆန်တက်ရောဂါအတွက် စားဆေး ၂၀-၄၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် နံနက်ပိုင်းသောက်ရသည်။ လေးပတ်သောက်ပြီး မသက်သာလျှင် နောက်ထပ်လေးပတ် ထပ်သောက်နိုင်သည်။ပြန်မဖြစ်အောင်၂၀မီလီဂရမ်တစ်နေ့တစ်ကြိမ်သောက်နိုင်ပါသည်။ရောဂါလက္ခဏာပြန်ပြလာပါက ၄၀ မီလီဂရမ် တိုးသောက်ရပါမယ်။အင်အက်စ်အေအိုင်ဒီကြောင့်ဖြစ်သော အစာအိမ်နာနှင့် အူသိမ်ဦးပိုင်းနာအတွက် ၂၀မီလီဂရမ် တစ်နေ့တစ်ကြိမ် နံနက်ပိုင်းသောက်ရပါသည်။ ဇိုလင်ဂါအယ်လီဆင် လက္ခဏာစုအတွက် ၈၀မီလီဂရမ်တစ်နေ့တစ်ကြိမ်သောက်ရသည်။

ဟယ်လီကိုဘက်တာပိုင်လော်ရီ အမြစ်ပြတ်ခြေမှုန်းရန် ပင်တိုပရာဇော ၄၀ မီလီဂရမ်၊ အမောက်ဆီစလင် ၁ ဂရမ်၊ ကလယ်ရီသရိုမိုင်စင် ၅၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် တစ်ပတ် သို့မဟုတ် နှစ်ပတ်သောက်ရသည်။
အခြားတစ်နည်းမှာ ပင်တိုပရာဇော ၄၀ မီလီဂရမ်၊ ကလယ်ရီသရိုမိုင်စင် ၅၀၀ မီလီဂရမ် ၊ မက်ထရိုနီဒါဇော ၄၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် တစ်ပတ် သို့မဟုတ် နှစ်ပတ်သောက်ရသည်။ အကြောထိုးဆေးကို ပါးစပ်မှအစာရေစာစားရန် သောက်ရန်မသင့်သောလူနာများတွင် အသုံးပြုလေ့ရှိသည်။

ဘေးထွက်ဆိုးကျိုးများ
ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း ဖြစ်တတ်ပါသည်။ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း ၊အာခြောက်ခြင်း၊ အိပ်ငိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ မျက်စိပြာခြင်း၊ ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။ ခြေလက်ထုံကျဥ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ယောကျ်ားများနို့စူလားခြင်း၊ သွေးထရိုင်ဂလစ်စရိုက် အဆီဓာတ်များခြင်းတို့လည်း ဖြစ်နိုင်သည်ဟု ဆိုသည်။
သတိပြုရန်
စားဆေးကို ဝါးမစားရပါ။ ရေဖြင့်မျိုချရပါသည်။ ကျောက်ကပ်အားလျော့သူများ တစ်နေ့ ၄၀ မီလီဂရမ်ထက် မပိုသင့်ဟုဆိုသည်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များအတွက် ဘေးမဖြစ်ဟူသော အာမခံချက်မရှိပါ။ ကလေးငယ်များ မသုံးသင့်ပါ။နာတာရှည်အစာခြေရည်နာများကိုကင်ဆာမဟုတ်ကြောင်းသေချာအောင်ရောဂါရှာဖွေပြီးမှ ဤဆေးပေးသင့်ပါသည်။ သို့မဟုတ်ပါက ရောဂါလက္ခဏာများကို ဖုံးကွယ်ထားသလိုဖြစ်ပြီး ကင်ဆာမှန်းသိသည့်အချိန်တွင် ကုသရန်နောက်ကျသွားနိုင်ပါသည်။
ရှောင်ရန်
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ ကလေးငယ်များ ရှောင်သင့်ပါသည်။