Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 16900
  • Kremil-S tablets (white ) 5x20's
  • AHMC 325mg+DIme10mg+Dicyclomine 2.5mg
  • 5x20's Tables

AMHC Type F-MA 11 325 mg+Dimethylpolysiloxane 10mg+Dicyclomine HCI 2.5mg

Description

Kremil-S ( အဖြူ )

အစာအိမ် လေနာပျောက်ဆေးတစ်မျိုးဖြစ်ပါသည်။

ပျောက်ကင်းနိုင်သောရောဂါများ

အစာမကြေ လေပွလေကျစ်ခြင်း၊အစာခြေစနစ်အားနည်းခြး၊အစာအိမ်မှ အက်ဆစ်ဓါတ်များခြင်းကြောင့်

ရင်ပူခြင်း၊အရက်သောက်သူများတွင်ဖြစ်တတ်သော အရက်အဆိပ်သင့်ခြင်း၊အူသိမ်အူပိုင်းတွင်အနာဖြစ်ခြင်း၊

ဗိုက်ရစ်နာခြင်း၊ခွဲစိတ်ခန်းဝင်ပြီးနောက်ဗိုက်အောင့်ခြင်းများတွင် သုံးစွဲနိုင်သည်။

ဆေးသောက်ရန်အညွှန်း

တစ်ခါသောက် တစ်ပြား သို့မဟုတ် နှစ်ပြား မှ လေးပြားအထိ ၄နာရီခြားတစ်ခါ ဝါးစားပြီး ရေဖြင့်မျိုချရပါမည်။

ဘေးထွက်ဆိုးကျိုးများ

အမြင်ဝါးခြင်း၊အာခြောက်ခြင်း၊မူးဝေခြင်း၊နုံးချည့်ခြင်း၊ပျို့ခြင်း၊ခေါင်းကိုက်ခြင်းတို့ဆေးသောက်စဥ်ဖြစ်တတ်ပါသည်။

ကြိုတင်သတိပြုရန်

ဆီးကျိတ်ကြီးနေသူများ၊နှလုံးသွေးကြောလှည့်ပတ်မှု့မကောင်းသူများ၊နှလုံးအလုပ်လုပ်နိုင်စွမ်းမရှိသူများကြိုတင်သတိပြုသုံးစွဲပါရန်