Pain, အကိုက်အခဲပျောက်ဆေးများ

Ks - 10300
  • Zerodol-P
  • Aceclofenac 100mg,Paracetamol 500mg
  • 3x10's Tables

Aceclofenac 100mg,Paracetamol 500mg

Description

  Zerodol-P ဆေးတွင် Aceclofenac 100mg  နှင့် Paracetamol  500mg ပါဝင်ပြီး နာကျင်ကိုက်ခဲမှု့များနှင့် ကြွက်သားများတင်းတောင့်ခြင်းကို အမြန်ဆုံးသက်သာစေသော စတီးရွိုက်မဟုတ်သော ( NSAID ) အရောင်လျော့ဆေးတစ်မျိုးဖြစ်ပါသည်။အရိုးအဆစ် ရောင်ရမ်းမှု့များကို လျှင်မြန်စွာ ပျောက်ကင်းစေပြီး ကြွက်သားများနာကျင်ခြင်း ၊ကိုက်ခဲခြင်းများကိုပါ သက်သာပျောက်ကင်းစေပါသည်။

ပျောက်ကင်းနိုင်သောရောဂါများ
အရိုးအဆစ်များရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော ကိုက်ခဲခြင်းများ ၊ တောင့်တင်းခြင်းများ ၊ခေါင်းကိုက်ခြင်း၊သွားကိုက်ခြင်း ၊ ခါးနာခြင်း ၊အမျိုးသမီးများ ဓမ္မတာလာစဥ် နာကျင်ကိုက်ခဲခြင်း၊ အရွတ်အဆိုင်းများ ဒဏ်ရာရ၍ နာကျင်ခြင်းများ ၊ခန္ဓာကိုယ်အတွင်း နာကျင်ခြင်းများ ရောင်ရမ်းခြင်းများ ကြောင့်ဖြစ်ပေါ်လာသော ဓါတုပစ္စည်း ထုတ်လွှတ်မှု့ကို ကြိုတင်ဟန့်တားပေးနိုင်စွမ်းလည်းရှိပါသည်။

ဆေးသောက်ရန်အညွှန်း
တစ်ခါသောက် တစ်လုံး တစ်နေ့ နှစ်ကြိမ် ( မနက်တစ်ကြိမ် ညနေတစ်ကြိမ် )
သို့မဟုတ် တစ်နေ့တစ်ကြိမ် ဆရာဝန်ညွှန်ကြားချက်ဖြင့်သောက်သုံးနိုင်ပါသည်။အစာနှင့်နီးနီးသောက်ရပါမည်,
ဘေးထွက်ဆိုးကျိုးများ
ခေါင်းမူးခြင်း ၊ပျို့အန်ခြင်း ၊ဝမ်းသွားခြင်း၊အရေးပြားယားယံခြင်း၊အစာမကြေဖြစ်ခြင်း၊ရင်ခေါင်းပူခြင်း

ကြိုတင်သတိပြုရန်
ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ
အစာအိမ်အနာရောဂါ၊အစာအိမ်ရောဂါရှိသူများ
အသည်းရောဂါရှိသူများ
ကျောက်ကပ်ဝေဒနာရှင်များ ရှောင်ကျဥ်သင့်ပါသည်။