Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 18500
  • SPASMIN 10 (10x10's)
  • Hyoscine 10mg
  • 10x10's Tables

Hyoscine Butylbromide 10mg

Description

Description

              SPASMIN 10 ဆေးသည် ကြွက်သားများကျုံ့ ခြင်းကိုဆန့်ကျင်သော အာနိသင်ရှိသည့်ဆေးတစ်မျိုးဖြစ်သည်။ ခရီးတောက်ခြင်းအတွက်

အကောင်းဆုံးဆေးဖြစ်အသုံးပြုနိုင်ပါသည်။ ခွဲစိတ်လူနာများ မေ့ဆေးမပေးခင် အကြိုပေးသောဆေးအဖြစ်လည်းအသုံးပြုပါသည်။


ဆေးသောက်ရန်အညွှန်း

             ခရီးတောက်ခြင်းအတွက် စားဆေး ၃၀၀ မိုက်ခရိုဂရမ်ကို ခရီးမစမီ နာရီဝက်ကြိုသောက်ရမည်။ ထို့နောက် ၆နာရီခြားတစ်ခါ သောက်

သုံးနိုင်ပါသည်။ အသက်၄နှစ်မှ၁၀နှစ်ကလေးများ ၇၅-၁၅၀ မိုက်ခရိုဂရမ်နှင့် ၁၀နှစ်အထက်ကလေးများ ၁၅၀-၃၀၀ မိုက်ခရိုဂရမ်တိုက်နိုင်သည်

ခွဲစိတ်လူနာများ မေ့ဆေးမပေးခင် အသက်ရှုလမ်းကြောင်း တစ်လျှောက် စစ်ထုတ်ရည်များပြားခြင်းကိုကာကွယ်ရန် အကြိုပေးသောဆေးအဖြစ်

ထိုးဆေးကို အသုံပြုနိုင်ပါသည်။


ကြိုတင်သတိပြုရန်

               သက်ကြီးရွယ်အိုများ ၊ဆီးသွားရခက်သူများ ၊ နှလုံးသွေးကြောရောဂါရှိသူများ၊ အစာအိမ်လမ်းကြောင်းပိတ်နေသူများ၊ အသည်း

သို့မဟုတ် ကျောက်ကပ်အားလျော့နည်းနေသူများ ကိုယ်ဝန်ဆောင်မိခင်များနှင့်နို့တိုက်မိခင်များ သတိပြုသုံးစွဲသင့်ပါသည်။

အိပ်ငိုက်စေသဖြင့် ယဉ်မောင်သူများ သတိထားရပါမည်။ ရေတိမ်ရောဂါရှိသူများ မသုံးရပါ။

အိပ်ငိုက်ခြင်း၊ အာခြောက်ခြင်း ၊ မူးဝေခြင်း၊ မျက်စေ့ပြာခြင်း ၊ ဆီးသွားရခက်ခြင်း၊ နှစ်လုံးခုန်မြန်စေခြင်းတို့ကိုဖြစ်စေပါသည်။