Spasmowin 10 ဆေးတွင် Mefenamic acid 250mg နှင့် Dicyclomine 10mg ပါဝင်သော အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်ပါသည်။
နာကျင်ကိုက်ခဲခြင်းအမျိုးမျိုးကိုသက်သာစေပြီး အဖျားကျစေသည့်အာနိသင်ရှိသည်။ ဗိုက်ကြွက်သားများတင်းခြင်းကိုလည်းလျော့စေပါသည်။
အမျိုးသမီးများမီးယပ်ပေါ်တဲ့အခါ ကိုက်ခဲခြင်းနှင့် မီးယပ်လွန်ကဲခြင်း(သွေးဆင်းများ၍ရက်ရှည်ခြင်း) တို့အတွက်လည်းအသုံးပြုနိုင်ပါသည်။
ဆေးသောက်ရန်အညွှန်း....
တစ်နေ့သုံးကြိမ် အစာစားပြီးမှသောက်ရပါသည်။
ကြိုတင်သတိပြုရန်.....
ပန်းနာရင်ကြပ်ရောဂါကို တစ်ခါတစ်ရံပိုဆိုးစေနိုင်ပါတယ်...အစာအိမ်ကိုထိခိုက်စေသဖြင့် အစာစားပြီးမှသောက်ရပါသည်။
သက်ကြီးရွယ်အိုများ၊ ကျောက်ကပ်အားနည်းသူများ ဆေးချိန်ကိုလျှော့သောက်ရပါမည်။ စတီရွိက်မဟုတ်သော အရောင်လျော့ဆေးများနှင့်မတည့်
သူများ အသုံးမပြုရပါ။ အစားအိမ်လမ်းကြောင့်မှသွေးယိုဖူးသူများလည်းရှောင်သင့်ပါသည်။