Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 0
  • Lincomycin 500mg(10x10's)
  • Lincomycin 500mg
  • 10x10's Capsules

Lincomycin 500mg

Description


Linconmycin (လင်ကိုမိုင်စင်)

            အာနိသင်ထက်မြက်သောလည်း ဆေးအပြစ်ပြင်းထန်လွန်းသဖြင့် အလွန်ဆိုးရွားသောဘက်တီးရီးယားရောဂါများ ကုသရန်အတွက်သာအသုံးပြုသင့်သည်ဟု သတ်မှတ်ခံရသော ပဋိဇီဝဆေးဖြစ်သည်။ စထရက်တိုကော့ကိုင်းနယူမိုကော့ကိုင်းနှင့် စတက်ဖလိုကော့ကိုင်းအစရှိသော ဂရမ်ပေါ့ဇတစ်ဘက်တီးရီးယားများကို နှိမ်နင်းနိုင်သည်။ အထူးသဖြင့် အခြားဆေးမတိုးသောစတက်ဖလိုကော့ကိုင်းရောဂါများကို ပျောက်ကင်းစေသည်ဟုဆိုသည်။

ပျောက်ကင်းနိုင်သောရောဂါများ

            ဆိုးရွားပြင်းထန်သော ဘက်တီးရီးယားရောဂါများတွင် အသုံးပြုသည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအမျိုးမျိုး၊ အရေပြားတွင်ဖြစ်သောပြည်တည်နာအမျိုးမျိုး၊ အရိုးအဆစ်တွင်ဖြစ်သော ဘက်တီးရီးယားပိုးဝင်ရောဂါအမျိုး မျိုးတွင် အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း

            စားဆေး ၅၀၀ မီလီဂရမ် တစ်နေ့သုံးကြိမ်ပေးလေ့ရှိသည်။ ပြင်းထန်သောဘက်တီးရီးယားရောဂါများတွင် ၅၀၀ မီလီဂရမ် ခြောက်နာရီခြား သို့မဟုတ် လေးနာရီခြား ပေးနိုင်သည်။

ဘေးထွက်ဆိုးကျိုးများ

            လျှာနာခြင်း၊ ပါးစပ်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်တတ်ပါသည်။ ပဋိဇီဝဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်းမှာ ရှားပါးသော်လည်း အလွန်ပြင်းထန်သဖြင့် အသက်အန္တရာယ်ရှိသည်အထိဖြစ်နိုင်ပါသည်။ သွေးဆဲလ်အရေအတွက်များ ကျဆင်းခြင်း၊ ရိုးတွင်းခြင်ဆီသွေးထုတ်လုပ်မှုလျော့နည်းခြင်းတို့ကြောင့် သွေးရောဂါဖြစ်နိုင်ပါသည်။ အသားဝါခြင်း၊ အသည်းရောင်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ဆေးမတည့်ခြင်း ဖြစ်နိုင်ပါသည်။

ကြိုတင်သတိပြုရန်/ ရှောင်ရန်

            သာမန်ဘက်တီးရီးယား ပိုးဝင်ရောဂါများအတွက် အသုံးမပြုသင့်ပါ။ ကလင်ဒါမိုင်စင်ဆေးနှင့် မတည့်လျှင် ဤဆေးနှင့်လည်းမတည့်ခြင်းဖြစ်နိုင်သည်ကို သတိထားရပါမည်။ ဤဆေးနှင့်မတည့်သူများ၊ ကလင်ဒါမိုင်စင်နှင့် မတည့်သူများရှောင်သင့်ပါသည်။