Pain, အကိုက်အခဲပျောက်ဆေးများ

Ks - 15600
  • MYOMETHOL (10x10's)
  • Methocarbamol 500mg
  • 1x10's Tables

Methocarbamol 500mg

Description

Myometholဆေးတွင် Methocarbamol 500mg ပါဝင်ပြီး ကြွက်သားများပြေလျော့စေသောဆေးဖြစ်ပါသည်။
အသုံးဝင်ပုံ
ကြွက်သားများတောင့်တင်းခြင်း၊အရိုးကျိုးခြင်းသို့မဟုတ်နေရာလွဲခြင်း၊ဒဏ်ပြန်ပေါ်ခြင်း နှင့်အာရုံ‌ကြောများ ယားယံခြင်းတို့‌ကြောင့်ကြွက်သားများတောင့်တင်းခြင်း
ဇက်လှည့်မရခြင်းများ(torticollis )၊ ခါးနာခြင်းများအတွက် အသုံးပြုနိုင်သည်။ညဘက်ခြေထောက်ကြွက်တက်လျှင် သောက်သုံးပါကထိရောက်မှု့ရှိပါသည်။
အသုံးပြုပုံ
တဓ်ခါသောက် တစ်လုံးမှ ၃လုံးအထိ တစ်နေ့ ၄ကြိမ်သောက်လို့ရပါသည်။စသောက်သောက်ခြင်း ဆေးနှစ်လုံးမှစသောက်ဖို့လိုအပ်ပြီး ‌ခြောက်နာရီကြာလျှင်
နောက်ထပ်ထပ်တိုးသောက်နိုင်ပါသည်။လူနာ၏အသက်အရွယ်အရ ဆေးချိန်ကို လိုတိုးပိုလျှော့သောက် လို့ရပါသည်။ရောဂါအခြေအနေပြင်းထန်ပါက လေးလမှခြောက်လအထိသောက်သုံးနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုးများ
မူးဝေခြင်း၊ငိုက်မျည်းခြင်း၊ပျို့အန်ခြင်း၊လျှာတွင်သတ္တုအရသာပေါ်ခြင်း၊အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ အနှောင့်အယှက်များနှင့်မောပန်းနွမ်းနယ်ခြင်းများ၊
အပြင် အင်ပြင်ထခြင်း ယားယံခြင်းများနှင့် အရေပြားနီမြန်းခြင်းများ၊နှာခေါင်းပိတ်ခြင်းကဲ့သို့သော ဓါတ်မတည့်မှု့များ၊ဆီးအရောင် နက်ပြာရောင်ပြောင်းလဲခြင်းစသော ရှားရှားပါးပါးဘေးထွက်ဆိုးကျိုးများယာယီဖြစ်ပေါ် နိုင်သော်လည်းဆေးသောက်ခြင်းရပ်လိုက်ပါက သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
ဆေးသောက်နေစဥ် မလိုလားအပ်သော ဆိုးကျိုးများကြုံတွေ့ပါက သက်ဆိုင်ရာဆရာဝန်အားအသိပေးရန်လိုအပ်ပါသည်။

ကြိုတင်သတိပြုရန်
ဦးနှောက်ပျက်စီးလူနာများ၊သတိလစ်မေ့မြောသူများ၊အတက်ဝေဒနာရှင်များ မသုံးရပါ။အသက်၁၂နှစ်အောက်ကလေးများအတွက်လည်းအသုံးပြု၍မရပါ။
သက်ကြီးရွယ်အိုများ၊ကျောက်ကပ်ဆိုင်ရာ ချို့ယွင်းမှု့ရှိသောလူနာများ၊အသည်းရောဂါရှင်များ အတွက်သင့်လျှော်သောဆေးပမာဏကိုလျှော့ချရန် ကုသနေသောဆရာဝန်ထံ အကြောင်းကြားရန်လိုအပ်ပါသည်။

လူနာများသည် myomethol အသုံးမပြုမှီ ဆေးများနှင့်ဓါတ်မတည့်သည့်တုံ့ပြန်မှု့များအကြောင်း ဆရာဝန်အားအသိပေးရန်လိုအပ်ပါသည်။



.