Anti Amoebic Drugs, ဝမ်းရောဂါနှင့်ပက်သက်သောဆေးများ

Ks - 17500
  • DICOTIL ( 50x10's )
  • Loperamide 2mg
  • 50x10's Tables

Loperamide 2mg

Description

Loperamide(လိုပယ်ရာမိုက်)

အစာလမ်းကြောင်းတစ်လျှောက် အူရွေ့လျားမှု လျော့နည်းစေသော ဆေးဖြစ်သည်။

ပျောက်ကင်းနိုင်သောရောဂါများ

ဝမ်းလျှောခြင်းတွင် ဓာတ်ဆားရည်ဖြင့် ခန္ဓာကိုယ်အရည်ဓာတ်ပြန်ဖြည့်တင်းခြင်းနှင့် တွဲဖက်အသုံးပြုနိုင်သည်။ နာတာရှည် ဝမ်းပျက်ရောဂါအတွက် လူကြီးများတွင်သာ အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း

ဝမ်းလျှောခြင်းအတွက် စစချင်း ၂ မီလီဂရမ် ဆေးပြားနှစ်ပြားသောက်၍ ဝမ်းတစ်ခါသွားပြီးတိုင်း ဆေးတစ်ပြားသောက်ရသည်။ တစ်နေ့လျှင် ဆေး ရှစ်ပြားထက် ပိုမသောက်သင့်ပါ။ နာတာရှည်
ဝမ်းပျက်ခြင်းအတွက် တစ်နေ့လျှင် ၄ မီလီဂရမ်မှ ၈ မီလီဂရမ် အကြိမ်ခွဲသောက်ရသည်။ အများဆုံး ရှစ်ပြားထက် မပိုရပါ။

ဘေးထွက်ဆိုးကျိုးများ

လေထိုးလေအောင့်ခြင်း၊ ဗိုက်ဖောင်းလာခြင်း၊ အင်ပျဥ်ထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ အူသိမ်ရွေ့လျားမှု လုံးဝမရှိသလောက် ဖြစ်သွားခြင်းလည်း တွေ့ရနိုင်ပါသည်။

ကြိုတင်သတိပြုရန်

ကလေးငယ်များအတွက် မသုံးသင့်ပါ။ ပဋိဇီဝဆေးကြောင့်ဖြစ်သော ဝမ်းလျှော ဝမ်းပျက်ခြင်းတွင် မသုံးသင့်ဟု ဆိုပါသည်။ ကြာရှည်သုံးလျှင် ဆေးယဥ်နိုင်သည်ကို သတိပြုရပါမည်။ကလေးငယ်များ။ အူရွေ့လျားမှုကို မတားဆီးသင့်သော အခြေအနေများ၊ ဥပမာ ဝမ်းလျှောပြီး ဗိုက်ဖောင်းနေသူများ။


.