Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 5400
  • Sai Cime
  • Cimetidine 200mg
  • 10x10's Capsules

Cimetidine BP 200mg

Description

Sai Cime

Cimetidine

ဟစ်တမင်းနှစ်အာရုံခံတားဆီးဆေးတစ်မျိုးဖြစ်သည်။ အစာအိမ်ဆဲများ၏ စာချေရည်ထုတ်လုပ်မှုကို ကျဆင်းစေသည်။

 ပျောက်ကင်းနိုင်သောရောဂါများ

အစာအိမ်နာနှင့် အူသိမ်ဦးပိုင်းနာ၊ အစာအိမ်မှ အစာချေရည်ပြန်ဆန်တက်ခြင်းကြောင့်ဖြစ်သော အစာရေမျိုရောင်ရောဂါ၊ အစာမကြေရင်ပြည့်ရင်ကယ်ခြင်း၊ အကိုက်အခဲပျောက်ဆေးများကြောင့်ဖြစ်သော အစာအိမ်ရောင်နာ၊ ဇိုလင်ဂါအယ်လီဆင် လက္ခဏာစုခေါ် အစာခြေရည်နှင့်အက်စစ်အထွက်များသောကြောင့်ဖြစ်သော အူသိမ်နာစသည်တို့တွင်အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း
     စားဆေး ထိုးဆေး နှစ်မျိုးရှိသည်။ အစာအိမ်နာနှင့် အူသိမ်ဦးပိုင်းနာအတွက် စားဆေး ၄၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် သို့မဟုတ် ၈၀၀ မီလီဂရမ် ညတစ်ကြိမ် အနည်းဆုံး လေးပတ်သောက်ရသည်။ တစ်ခါတစ်ရံ အစာအိမ်နာအတွက် ခြောက်ပတ်၊ အကိုက်အခဲပျောက်ဆေးကြောင့်ဖြစ်သော အစာအိမ်နာအတွက် ရှစ်ပတ်အထိသောက်ရတတ်သည်။ လိုအပ်ပါက ၄၀၀ မီလီဂရမ် တစ်နေ့လေးကြိမ်အထိပေးနိုင်သည်။ ရောဂါပြန်မပေါ်အောင်ထိန်းထားရန် ၄၀၀ မီလီဂရမ် ညတစ်ကြိမ် သို့မဟုတ် မနက်တစ်ကြိမ် ညတစ်ကြိမ် သောက်နိုင်သည်။
      ကလေးများအတွက် ကိုယ်အလေးချိန် တစ်ကီလိုတွင် တစ်နှစ်အောက် တစ်နေ့ ၂၀ မီလီဂရမ်နှုန်း၊ တစ်နှစ်အထက် တစ်နေ့ ၂၅-၃၀ မီလီဂရမ်နှုန်းကို အကြိမ်ခွဲပေးရသည်။ အစာချေရည်ပြန်ဆန်တက်ခြင်းကြောင့်ဖြစ်သော အစာရေမျိုရောင်နာအတွက် ၄၀၀ မီလီဂရမ် တစ်နေ့လေးကြိမ် လေးပတ်မှရှစ်ပတ်အထိသောက်ရသည်။
        ဇိုလင်ဂါအယ်လီစင် လက္ခဏာစုခေါ် အစာချေရည်နှင့် အက်ဆစ်အထွက်များသောကြောင့်ဖြစ်သော အူသိမ်နာအတွက် ၄၀၀ မီလီဂရမ်၊ တစ်နေ့လေးကြိမ် သို့မဟုတ် သည့်ထက်ပို၍ပေးနိုင်ပါသည်။ တစ်နေ့အတွက် ၂၄၀၀ မီလီဂရမ် (၂.၄ဂရမ်)ထက်မပိုသင့်ပါ။ အသားထိုးဆေး သို့မဟုတ် အကြောထိုးဆေးကို ၂၀၀ မီလီဂရမ် လေးနာရီ သို့မဟုတ် ခြောက်နာရီတစ်ကြိမ်ထိုးနိုင်သည်။


ဘေးထွက်ဆိုးကျိုးများ

ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ နွမ်းနယ်ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ဖြစ်နိုင်ပါသည်။ ယောကျာ်းများ နို့စူလာခြင်း၊ ပန်းသေခြင်းတို့လည်းဖြစ်နိုင်ပါသည်။

ကြိုတင်သတိပြုရန်

အသည်းမကောင်းသူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ သတိပြုသုံးစွဲရပါမည်။