Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 0
  • Cefalexin ( Pai Cef-250 )
  • Cephalexin 250mg
  • 10x10's Capsules

Cephalexin BP 250mg

Description

Cefalexin(ဆီဖာလက်စင်)

            ဆက်ဖယ်လိုစပိုရင် ပထမမျိုးဆက် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ဂရမ်ပေါ့ဇတစ်နှင့် ဂရမ်နဂ္ဂတစ် ဘက်တီးရီးယားအများအပြားကို နှိမ်နင်းနိုင်စွမ်းရှိသည်။၂၅၀မီလီဂရမ်နှင့်၅၀၀မီလီဂရမ်ဟူ၍ဆေးအမျိုးအစားနှစ်စားရှိပါသည်။

ပျောက်ကင်းနိုင်သောရောဂါများ

            ဂရမ်ပေါ့ဇတစ်နှင့် ဂရမ်နဂ္ဂတစ်ဘက်တီးရီးယားပိုးဝင်ကူးစက်ခြင်း ရောဂါအမျိုးမျိုးတွင် အသုံးပြုသည်။ ဆီးလမ်းကြောင်းရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အလယ်နားရောင်ခြင်း၊ နှာခေါင်းသွေးအိတ်ရောင်ခြင်းနှင့် အရေပြားနာအမျိုးမျိုးတွင် အသုံးပြုလေ့ရှိသည်။

ဆေးသောက်ရန်အညွှန်း

            စားဆေးဖြစ်သည်။ ၂၅၀ မီလီဂရမ် ခြောက်နာရီခြား တစ်ကြိမ် သို့မဟုတ် ၅၀၀ မီလီဂရမ် ရှစ်နာရီခြား တစ်ကြိမ်သောက်ရသည်။ ပြင်းထန်သောရောဂါများအတွက် ၁ ဂရမ်မှာ ၁.၅ ဂရမ် (၁၀၀၀ မီလီဂရမ် မှ ၁၅၀၀ မီလီဂရမ်) ရှစ်နာရီခြား တစ်ကြိမ် သို့မဟုတ် ခြောက်နာရီခြား တစ်ကြိမ်သောက်နိုင်သည်။ ကလေးများအတွက် ကိုယ်အလေးချိန် တစ်ကီလိုလျှင် တစ်နေ့အတွက် ၂၅ မီလီဂရမ်နှုန်းကို အကြိမ်ခွဲပေးရသည်။ ပြင်းထန်သောရောဂါများအတွက် ဆေးချိန်နှစ်ဆ ပေးနိုင်သည်။ သို့ရာတွင် ကိုယ်အလေးချိန် တစ်ကီလိုလျှင် တစ်နေ့အတွက် ၁၀၀ မီလီဂရမ်နှုန်းထက် မပိုရပါ။ မကြခဏပြန်ပြန်ဖြစ်တတ်သော ဆီးလမ်းကြောင်း ပိုးဝင်ကူးစက်ခြင်းအတွက်မဖြစ်အောင်ကာကွယ်ရန် လူကြီးများ ၁၂၅ မီလီဂရမ် ညအိပ်ရာဝင်သောက်ရပါသည်။

ဘေးထွက်ဆိုးကျိုးများ

            ဝမ်းလျှော၊ ဝမ်းပျက်၊ ပျို့အန်၊ ဝမ်းဗိုက်မအီမသာစသော အစာလမ်းကြောင်းဆိုင်ရာ ဆေးအပြစ်များရှိသည်။ ဆေးချိန်များလျှင် ပဋိဇီဝဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်းဖြစ်နိုင်ပါသည်။ အဖုအပိမ့်ထွက်ခြင်း၊ ယားခြင်း၊ အင်ပျဉ်ထခြင်း၊ ဖျားပြီးအဆစ်နာခြင်းစသော ဓာတ်မတည့်သည့်လက္ခဏာများပေါ်နိုင်ပါသည်။ တစ်ခါတစ်ရံပြင်းထန်လျှင် သွေးလန့်သည်အထိဖြစ်နိုင်ပါသည်။ ကျောက်ကပ်ရောင်ခြင်း၊ သွေးရောဂါများဖြစ်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်တိုခြင်း၊ အိပ်မပျော်ခြင်း၊ ဝေခွဲမရစိတ်ရှုပ်ထွေးခြင်း၊ မရှိသည်ကိုမြင်နေခြင်း၊ ခေါင်းမူးခြင်း၊ ခြေလက်မသယ်ချင်ဖြစ်ခြင်း စသောဆေးအပြစ်များလည်းရှိပါသည်။

 သတိပြုရန်နှင့်ရှောင်ရန်

            ပယ်နင်စလင်မတည့်သူများ ဤဆေးနှင့်လည်း မတည့်ဖြစ်နိုင်ပါသည်။ ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်သူများ ဆေးချိန်များများမသောက်သင့်ပါ။ ဤဆေးကို ဆီးထဲတွင်စွန့်ထုတ်သောကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များသုံးနိုင်သော်လည်း သတိတော့ထားရပါမည်။ ဆက်ဖယ်လိုစပိုရင် ဆေးမတည့်သူများ။