Tory 90 (Etoricoxib 90mg )ဆေးသည် ဆိုင်ကလိုအောက်ဆီဂျင်းနေးစ်နှစ်သို့မဟုတ် ကောစ်နှစ်အင်ဇိုင်း ပိတ်ဆို့ ဆေးအုပ်စုဝင် စတီးရွိက် မဟုတ်သောအရောင်ကျဆေးတစ်မျိုးဖြစ်သည်။ ယိုယွင်းအဆစ်ရောင်ရောဂါ၊ ရူမက်ထွိုက်အဆစ်ရောင်ရောဂါ တို့တွင်နာကျင်မှု့သက်သာစေရန်နှင့် အရောင်လျော့စေရန်အသုံးပြုသည်။
ဆေးသောက်ရန် အညွှန်း
ယိုယွင်းအဆစ်ရောင်ရောဂါအတွက် ၆၀မီလီဂရမ် တစ်နေ့တစ်ကြိမ်၊ ရူမက်ထွိုက်အဆစ်ရောင်ရောဂါအတွက် ၉၀မီလီဂရမ်
တစ်နေ့တစ်ကြိမ်နှင့် ဂေါက်အဆစ်ရောဂါအတွက် ၁၂၀ မီလီဂရမ် တစ်နေတစ်ကြိမ် သောက်သုံးနိုင်ပါသည်။
ကြိုတင်သတိပြုရန်
သက်ကြီးရွယ်အိုများ ၊ ဓာမတည့်ခြင်း တစ်ခုခုဖြစ်ဖူးသူများ သတိဖြင့်သုံးစွဲသင့်သည်။
ကျောက်ကပ်အားလျော့နည်းသူများ မသုံးမဖြစ်သုံးရမည်ဆိုလျင် ကျောက်ကပ်အခြေအနေကို မကြာခဏစစ်ဆေးကြည့်ရမည်။ အစာအိမ်နာ
ဖြစ်ဖူးသူများ အထူးသတိထားရမည်။ အစာအိမ်သွေးယိုခြင်းဖြစ်နိုင်ပါသည်။ နှလုံးအားလျော့နည်းပြီးခြေထောက်ဖောရောင်နေသူများ သတိ
ပြုသုံးစွဲရမည်။
ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ နှင့်ကလေးငယ်များမသုံးသင့်ပါ။
.