Dyslipidaemic Agents, သွေးကြောအတွင်းအဆီကျဆေးများ

Ks - 10650
  • Aztor EZ
  • Atorvastatin 10mg,Ezetimibe 10mg
  • 3x10's Tables

Atorvastatin 10mg,Ezetimibe 10mg

Description

Atorvastatin ( Aztor EZ )

သွေးတွင်းအဆီကျဆေး ( Statin စတက်တင်အုပ်စုဝင် )ဆေးတစ်မျိုးဖြစ်ပါသည်။


အသုံးပြုနိုင်သောရောဂါများ


သွေးအဆီဓါတ်(ကိုလက်စထရော)များနေသူများ၊နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအတွက်အသုံးပြုနိုင်သောဆေးဖြစ်ပါသည်။ဤဆေးသောက်နေစဉ်အဆီများသောအစားအစာများရှောင်ကျဉ်ပြီးအတူတွဲဖက်အသုံးပြုရသည်။နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ နှလုံးသွေးကြောပိတ်ခြင်းကိုကုသသည့်အနေဖြင့်သော်လည်းကောင်းကာကွယ်သည့်အနေဖြင့်သော်လည်းကောင်းအသုံးပြုရသည်။ဆေးလိပ်သောက်သူများ၊သွေးတိုးရောဂါရှိသူများ၊ဆီးချိုဝေဒနာရှင်များသည်နှလုံးသွေးကြောပိတ်ရောဂါနှင့်ဦးနှောက်သွေးကြောပိတ်၍

လေဖြတ်ရောဂါဖြစ်ရန်အလားအလာပိုများသဖြင့် ကာကွယ်သည့်အနေဖြင့်သောက်သုံးနိုင်ပါသည်။


ဆေးဝါးသုံးစွဲပုံအညွှန်း


ပုံမှန်အားဖြင့် ၁၀မီလီဂရမ်ကိုညအိပ်ယာဝင်ချိန်တွင်စသောက်နိုင်ပြီး သွေးအဆီဓါတ်ပုံမှန်မရောက်သေးလျှင် စသောက်သည့်အချိန်မှလေးပတ် (တစ်လနီးနီး) ကြာမှဆေးကို တစ်နေ့၄၀မီလီဂရမ်အထိတိုးသောက်ရပါသည်။တစ်နေ့၈၀မီလီဂရမ်ထက်ပိုမသောက်သင့်ပါ။


ဘေးထွက်ဆိုးကျိုးများ


ဝမ်းချုပ်ခြင်း၊ဗိုက်နာခြင်း၊ဗိုက်မအီမသာဖြစ်ခြင်း၊ခေါင်းကိုက်ခြင်းတို့ဖြစ်နိုင်ပါသည်။


ကြိုတင်သတိပြုရန်နှင့်ရှောင်ရန်


အသည်းရောဂါရှင်များ၊ကိုယ်ဝန်ဆောင်များ၊နို့တိုက်မိခင်များအသုံးမပြုရပါ။

လက်တလောအသည်းရောဂါဖြစ်နေသူများရှောင်ကျဉ်ရပါမည်။


ဆရာဝန်ညွှန်ကြားချက် ။   ။ လိုအပ်