Pain, အကိုက်အခဲပျောက်ဆေးများ

Ks - 15500
  • Tizan 2
  • Tizanidine 2mg
  • 5x10's Tables

Tizanidine USP 2mg

Description

ကြွက်သားများတင်းမာခြင်းကို ကုသရန်အသုံးပြုသောဆေးဖြစ်သည်။
အသုံးဝင်ပုံ
အောက်ပါ အချက်များကြောင့် ဖြစ်ပေါ်တတ်သော ကြွက်သားကျုံ့ခြင်းကို သက်သာစေရန် အသုံးပြုလို့ရပါသည်။
ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါ ( Multiple sclerosis )
လေဖြတ်ခြင်း ( Stroke )
ကျောရိုးဒဏ်ရာ ( spinal cord injury )
ဦးနှောက်ဒဏ်ရာ ( brain injury )
ကြွက်သား ဒဏ်ရာ
အသုံးပြုပုံ
ဆေးသည် 2mg to 4mg အထိ ဆေးပြားအဖြစ်လာပြီး 2mg to 6mg အထိ ကပ်စူးပုံစံအဖြစ်လည်း ထုတ်လုပ်တတ်ပါသည်။
တပြိုင်ထည်း 8mg အထိ သောက်သုံးခြင်းသည် နာရီအတော်ကြာ ကြွက်သားများတင်းမာခြင်းကို သက်သာရာရစေဟု FDA မှတ်တမ်းရှိပါသည်။
2mg မှ 4mg အတွင်း ဘေးထွက်ဆိုးကျိုးကို ခံနိုင်ရန် စသောက်သင့်ပြီး ၁ရက်မှ ၄ရက်အတွင်း 2mg မှ 4mg အထိထပ်တိုးသောက်နိုင်သည်။
တစ်နေ့တာအတွင်း 36mgထက်ပိုမသောက်သင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

    ပါးစပ်ခြောက်ခြင်း
    မူးဝေခြင်း။
    ဆီးလမ်းကြောင်းပိုးဝင်ခြင်း။
    ဝမ်းချုပ်ခြင်း။
    အိပ်ငိုက်ခြင်းနှင့် ထုံထိုင်းခြင်း။
    အားနည်းခြင်းနှင့် စွမ်းအင်ချို့တဲ့ခြင်း။
    အန်ခြင်း။
    စကားပြောပုံမမှန်ခြင်း။
    ဆီးကြိမ်နှုန်း
    အမြင်မှုန်ဝါးခြင်း။
    အာရုံကြော တုံ့ဆိုင်းခြင်း
    လည်ချောင်းနာခြင်း
    စသည်တို့ဖြစ်တတ်ပါသည်။
ကြိုတင်သတိပြုရန်
စိတ်ရောဂါဆေးတစ်မျိုးဖြစ်သော Fluvoxamine ( Luvox )သို့မဟုတ် ပဠိဇီဝဆေးတစ်မျိုးဖြစ်သော Ciprofloxacin ဆေးများဖြင့် သောက်သုံးခြင်း
မပြုရ။အသည်းအင်ဇိုင်းများမြင့်တက်နိုင်ပြီးဆေးရပ်လိုက်ပါက ပုံမှန်ပြန်ဖြစ်ပါသည်။သွေးပေါင်ချိန်ကျနိုင်သဖြင့်ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊နှလုံးခုန်နှေးခြင်းနှင့်မူးလဲခြင်းများရှိနိုင်သဖြင့်ဂရုပြုစောင့်ကြည့်သင့်ပါသည်။အိပ်ငိုက်ခြင်းလည်းဖြစ်တတ်သဖြင့် ကားမောင်းခြင်း၊စက်ကိရိယာများမောင်းနှင်ခြင်းဂရုပြုသင့်ပါသည်။