Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 0
  • Spacovin 40
  • Drotaverine 40mg
  • 10x1x10's Tables

Drotaverine hydrochloride 40mg

Description

Spacovin 40

Drotaverine  40 mg သည်ခန္ဓာကိုယ်ကြွက်သားချောများပြေလျော့စေသည့် အာနိသင်အလွန်ထက်မြက်သည့်အပြင် အင်အက်စ်အေအိုင်ဒီဆေးများကဲ့သို့ အရောင်လျော့စေသည့် ဆေးဖြစ်သည်။ ကြွက်သားချောများ အလွန်အမင်းကျုံ့ပြီး တောင့်တင်းသောအခြေအနေကို လျော့ပါးသက်သာရာရစေသည်။

ပျောက်ကင်းနိုင်သောရောဂါများ

လေထိုးလေအောင့်ခြင်း၊ ဗိုက်ရစ်နာခြင်း စသောအစာလမ်းကြောင်းအူနံရံကြွက်သားချောများ အလွန်ကျုံ့ခြင်းကြောင့်ဖြစ်သော ဝေဒနါကိုသက်သာအောင် အသုံးပြုနိုင်သည်။ သည်းခြေအိတ်နှင့် သည်းခြေပြွန်ကျုံ့ခြင်းကြောင့်ဖြစ်သော နာကျင်ခြင်းအတွက်လည်း အသုံးပြုသည်။ ဆီးထိုးဆီးအောင့်ခြင်းအတွက်လည်း သက်သာစေသည်ဟုသိရသည်။ မီးယပ်ပေါ်စဥ်ကိုက်ခဲနာကျင်ခြင်းကိုလည်း သက်သာစေနိင်သည်။ မီးဖွားပြီး သားအိမ်အလွန်ကျုံ့စေသောကြောင့် နာကျင်ခြင်းအတွက်လည်း အသုံးပြုနိုင်သည်။

ဆေးသောက်ရန်အညွှန်း

စားဆေးအပြင် ထိုးဆေးလည်းရှိသည်။ စားဆေး ၄၀-၈၀ မီလီဂရမ် တစ်နေသုံးကြိမ်သောက်ရပါမည်။ အသက်တစ်နှစ်မှ ခြောက်နှစ်အရွယ်ကလေး ၂၀ မီလီဂရမ် တစ်နေ့သုံးကြိမ်နှင့် ခြောက်နှစ်မှ ဆယ့်နှစ်နှစ်အရွယ်ကလေး ၄၀ မီလီဂရမ် တစ်နေ့သုံးကြိမ်သောက်နိုင်သည်ဟု ဆိုပါသည်။ ထိုးဆေး ၄၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိုးနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

ဆေးအပြစ် အနည်းငယ်သာရှိသည်ဟု ဆိုပါသည်။ ကြွက်သားအားလျော့ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ ရင်တုန်ခြင်းတို့ကို ဆေးသုံးစွဲသူ ၃ % တွင်သာ တွေ့ရသည်ဟု သိရသည်။

ကြိုတင်သတိပြုရန် နှင့် ရှောင်ရန်

အထူးအထွေမရှိပါ။ 

အသည်း သို့မဟုတ် ကျောက်ကပ် သို့မဟုတ် နှလုံးအားလျော့ခြင်းပြင်းပြင်းထန်ထန်ခံစားနေရသူများ အသုံးမပြုသင့်ပါ။