Pain, အကိုက်အခဲပျောက်ဆေးများ

Ks - 35000
  • MEFTAL-SPAS TABLETS ( 30card ( 300tablets )
  • Mefenamic acid 250mg+Dicyclomine 10mg
  • 10x3x10's Tables

Mefenamic acid 250mg+Dicyclomine 10mg

Description

Description

               စတီရွိက်မဟုတ်သောအရောင်လျော့ဆေးတစ်မျိုးဖြစ်ပါသည်။ နာကျင်ကိုက်ခဲသောဝေဒနာအမျိုးမျိုးကိုသက်သာစေပြီး အဖျားကျစေသော

အာနိသင်ရှိသည်။ အခြားအရိုးအဆစ်ကြွက်သားရောဂါများတွင်လည်းအသုံးပြုနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း၊ထိခိုက်မိ၍နာကျင်ခြင်း

စသောနာကျင်မှု့ ဝေဒနာအမျိုးမျိုးကိုသက်သာစေပါသည်။

                အမျိူးသမီးများမီးယပ်ပေါ်ချိန်ကိုက်ခဲခြင်နှင့် မီးယပ်လွန်ကဲခြင်း (သွေးဆင်းများ၍ရက်ရှည်ခြင်း ) တို့တွင်အသုံးပြုနိုင်ပါသည်။

ဖျားနာခြင်းတို့တွင်အပူကျစေ အဖြစ်အသုံပြုနိုင်ပါသည် ။


ဆေးသောက်ရန် အညွှန်း

                      ပုံမှန်အားဖြင့် Mefenamic Acid 250mg တစ်နေ့ ၃ကြိမ် အစာစားပြီးမှသောက်ရပါသည်။

၆လနှင့်အထက်ကလေးများအတွက် ကိုယ်အလေးချိန် ၁ကီလိုလျင် ၁၅မီလီဂရမ်နှုန်းကိုကြိမ်ရေ ခွဲပေးရပါသည်။


ကြိုတင်သတိပြုရန်

                          ပန်းနာရင်ကျပ်ရောဂါကို တစ်ခါတစ်ရံပိုဆိုးစေပါတယ်။ အစာအိမ်ကိုထိခိုက်စေသဖြင့် အစာစားပြီးမှသောက်ရပါသည်။

ဆေးချိန်များသွားလျင်တက်တတ်သဖြင့် ဝက်ယူပြန်ရောဂါရှိသူများသတိထားရပါမည်။ အစာခြေေရည်နာရှိသူများ၊ အစာအိမ်လမ်းကြောင်းမှသွေး

ယိုဖူးသူများရှောင်ရပါမည်။ စတီးရွိက်မဟုတ်သောအရောင်ကျဆေးတစ်မျိုးမျိုးနှင့်မတည့်လျှင်ဤဆေးနှင့်လည်းမတည့်ခြင်းဖြစ်နိုင်ပါသည်။