Dyslipidaemic Agents, သွေးကြောအတွင်းအဆီကျဆေးများ

Ks - 18500
  • Rozavel 5
  • Rosuvastatin Calcium 5mg
  • 5x10's Tables

Rosuvastatin Calcium 5mg

Description

Rosuvastatin ( Rozavel 5 )

သွေးတွင်းအဆီကျဆေး ( Statin စတက်တင်အုပ်စုဝင် )ဆေးတစ်မျိုးဖြစ်ပါသည်။

 

အသုံးပြုနိုင်သောရောဂါများ

 

သွေးအဆီဓါတ်(ကိုလက်စထရော)များနေသူများ၊နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအတွက်အသုံးပြုနိုင်သောဆေးဖြစ်ပါသည်။ဤဆေးသောက်နေစဉ်အဆီများသောအစားအစာများရှောင်ကျဉ်ပြီးအတူတွဲဖက်အသုံးပြုရသည်။နှလုံးသွေးကြောကျဉ်းရောဂါရှိသူများ နှလုံးသွေးကြောပိတ်ခြင်းကိုကုသသည့်အနေဖြင့်သော်လည်းကောင်းကာကွယ်သည့်အနေဖြင့်သော်လည်းကောင်းအသုံးပြုရသည်။ဆေးလိပ်သောက်သူများ၊သွေးတိုးရောဂါရှိသူများ၊ဆီးချိုဝေဒနာရှင်များသည်နှလုံးသွေးကြောပိတ်ရောဂါနှင့်ဦးနှောက်သွေးကြောပိတ်၍

လေဖြတ်ရောဂါဖြစ်ရန်အလားအလာပိုများသဖြင့် ကာကွယ်သည့်အနေဖြင့်သောက်သုံးနိုင်ပါသည်။

 

ဆေးဝါးသုံးစွဲပုံအညွှန်း

 

ပုံမှန်အားဖြင့် ၅မီလီဂရမ် မှ၁၀မီလီဂရမ်ကို တစ်နေ့တစ်ကြိမ်အစာနှင့်ဖြစ်စေ အစာမစားခင်ဖြစ်စေ စသောက်နိုင်ပြီး ၂၀ မီလီဂရမ်ထိ တိုးသောက်နိုင်၍တစ်နေ့၄၀မီလီဂရမ်ထက်ပိုမသောက်ရပါ။နေ့စဉ်အချိန်မှန်စွာသောက်ပေးပါက ပိုကောင်းပါသည်။

 

ဘေးထွက်ဆိုးကျိုးများ

 

ဝမ်းချုပ်ခြင်း၊ဗိုက်နာခြင်း၊ဗိုက်မအီမသာဖြစ်ခြင်း၊ခေါင်းကိုက်ခြင်းတို့ဖြစ်နိုင်ပါသည်။

 

ကြိုတင်သတိပြုရန်နှင့်ရှောင်ရန်

ဆေးသောက်နေစဉ်အတွင်း အဆီများသောအစားအစာများ ၊အရက်သေစာများမသောက်သုံးသင့်ပါ။ကျောက်ကပ်

အားနည်းသူများ ၊ကိုယ်ဝန်ဆောင် နှင့်နို့တိုက်မိခင်များလည်းရှောင်သင့်ပါသည်။

 

ဆရာဝန်ညွှန်ကြားချက်   လိုအပ်