MPF (pyin oo lwin ), မြန်မာပြည်ပြင်ဦးလွင်ထုတ်ဆေးများ

Ks - 3400
  • Amlodipine tablets MPF
  • Amlodipine 5mg
  • 10x10's Tables

Amlodipine 5mg

Description

Amlodipine
(အမ်လိုဒီပင်း)

ကယ်လ်စီယမ်လမ်းကြောင်းပိတ်ဆို့ဆေးတစ်မျိုးဖြစ်သည်။ အခြား ကယ်လ်စီယမ်လမ်းကြောင်းပိတ်ဆို့ဆေးများကဲ့သို့ နှလုံးကြွက်သားကျုံ့နိုင်စွမ်းကိုကျစေသော ဂုဏ်သတ္တိမရှိသဖြင့် နှလုံးအားလျော့ခြင်းကို ပိုမိုဆိုးရွားခြင်းမဖြစ်စေပါ။ အာနိသင်ရှည်သဖြင့် တစ်နေ့တစ်ကြိမ်သောက်လျှင်လုံလောက်ပါသည်။ နှလုံးသွေးကြောများ ကျုံခြင်းကြောင့်ဖြစ်သော အင်ဂျိုင်းနားခေါ် နှလုံးစူးအောင့်နာကို သက်သာစေပါသည်။

ပျောက်ကင်းနိုင်သောရောဂါများ

သွေးတိုးရောဂါကုသရန်နှင့် အင်ဂျိုင်းနားခေါ် နှလုံးစူးအောင့်နာကာကွယ်ရန်အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း

သွေးတိုးရောဂါဖြစ်စေ အင်းဂျိုင်းနားရောဂါဖြစ်စေ ၅ မီလီဂရမ် တစ်နေ့တစ်ကြိမ်သာသောက်ရသည်။(သွေးတိုးရောဂါစဖြစ်သူများ အပေါ်သွေး ၁၅၀အောက်ဖြစ်ပါက မနက်ပိုင်း ၅မီလီဂရမ်နှင့် အပေါ်သွေး၁၅၀အထက်ဖြစ်ပါက ၁၀မီလီဂရမ်မနက်ပိုင်းစသောက်လို့ရသည်။)
အများဆုံး ၁၀ မီလီဂရမ် တစ်နေ့တစ်ကြိမ်ဆိုလျှင် လုံလောက်သည်။ နှလုံးအားလျော့နေလျှင်လည်း သွေးကျဆေးအဖြစ်အသုံးပြု၍ရသည်။

ဘေးထွက်ဆိုးကျိုးများ

ခေါင်းကိုက်ခြင်း၊ ဖောရောင်ခြင်း၊ နွယ်းနယ်ခြင်း၊ ပျို့ခြင်း၊ မျက်နှာနီရဲပူရှိန်းလာခြင်း၊ ခေါင်းမူးခြင်း၊ အဖုအပိမ့်များထွက်ခြင်းတို့ဖြစ်နိုင်ပါသည်။ ရှားသော်လည်း ဖြစ်နိုင်သည့်ဘေးထွက်ဆိုးကျိုးများမှာ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ စသော အစာလမ်းကြောင်းဆိုင်ရာလက္ခဏာများ၊ အာခြောက်ခြင်း၊ ချွေးထွက်ခြင်း၊ ရင်တုန်ခြင်း၊ မောခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်နေစိတ်ထားပြောင်းလဲခြင်း၊ ကြွက်သားနာခြင်း၊ အဆစ်နာခြင်း၊ အာလျော့ခြင်း၊ ထုံကျဉ်ခြင်း၊ ပန်းသေခြင်း၊ မကြာခဏဆီးသွားခြင်း၊ မျက်စိကြည့်မကောင်းခြင်းတို့ဖြစ်သည်။
အသားဝါခြင်း၊ ပန်ခရိယပ်စ်ရောင်ခြင်း၊ သွေးချိုတက်ခြင်း၊ သွေးဉမွှားနည်းခြင်း၊ သွေးကြောရောင်ခြင်း၊ ယားပြီးရောင်လာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ယောက်ျားဖြစ်လျက် နို့စူခြင်းတို့လည်း ရှားရှားပါးပါးဖြစ်ဖူးသည်ဟု ဆိုပါသည်။

ကြိုတင်သတိပြုရန်
  အသည်း အလုပ်ကောင်းကောင်းမလုပ်သူများတွင် သတိထား အသုံးပြုရသည်။
ရှောင်ရန်
  နှလုံးရောဂါကြောင့် သွေးလန့်ခြင်း(သွေးပေါင်အလွန်ကျနေခြင်း) ပြင်းထန်သော အင်ဂျိုင်းနားရောဂါ၊ သိသာထင်ရှားသော အေအော့တစ်နှလုံးပေါက်ကျဉ်းသောရောဂါ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့မသုံးရပါ။


.