Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 6800
  • Doxycycline 10x10's ( Doxacil )
  • Doxyclcline 100mg
  • 10x10's Capsules

Doxyclcline 100mg

Description

Doxycycline
တက်ထရာဆိုက်ကလင်း အုပ်စုဝင် ပဋိဇီဝဆေးဖြစ်သည်။ လေမဲ့ရှင်သန်ဘက်တီးရီးယားများအပေါ်တွင် အာနိသင်သက်ရောက်မှု အခြားတက်ထရာဆိုက်ကလင်းအုပ်စုဝင်ဆေးများထက် ပိုကောင်းသည်ဟုဆိုသည်။

ပျောက်ကင်းနိုင်သောရောဂါများ
ဆီးကျိတ်ရောင်ခြင်း၊ နှာခေါင်းသွေးအိတ်ရောင်ခြင်း၊ ဆစ်ဖလစ်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ၊ အမျိုးသမီးများ သားအိမ်ရောင်ခြင်း၊ သားဥအိမ်ရောင်ခြင်း စသည်တို့တွင် အသုံးပြုနိုင်သည်။ ဒေါင့်သန်းရောဂါကာကွယ်ရန်နှင့် ကုသရန် အသုံးပြုနိုင်သည်။ငှက်ဖျားရောဂါကုသရာတွင်လည်းကောင်း၊ ကာကွယ်ရာတွင်လည်းကောင်း အသုံးပြုသည်။ ခံတွင်း၌ဖြစ်သောဘက်တီးရီးယားရောဂါများအတွက်လည်း အသုံးပြုသည်။ ဝက်ခြံရောဂါအတွက်လည်း သုံးနိုင်သည်ဟုဆိုသည်။

ဆေးသောက်ရန်အညွှန်း
စားဆေး ပထမနေ့ ၂၀၀ မီလီဂရမ်သောက်ပြီး နောက်နေ့များတွင် တစ်နေ့ ၁၀၀ မီလီဂရမ်သောက်ရသည်။ ပြင်းထန်သောရောဂါများအတွက် တစ်နေ့ ၂၀၀ မီလီဂရမ် သောက်နိုင်ပါသည်။ ဆစ်ဖလစ်ရောဂါအတွက် ဖြစ်ခါစဆိုလျှင် ၁၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ၁၄ ရက်သောက်ရသည်။ နာတာရှည်သဘောမျိုးဖြစ်နေပြီဆိုလျှင် ၂၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ၂၈ ရက်သောက်ရပါမည်။လိင်အင်္ဂါနှင့် ဆီးလမ်းကြောင်းဘက်တီး
ရီးယားရောဂါများအတွက် ၁၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ၇ ရက်သောက်ရပါမည်။ ရောဂါပြင်းထန်လျှင် ၁၄ ရက်သောက်ရပါမည်။ဒေါင့်သန်းရောဂါနှင့် ငှက်ဖျားရောဂါအတွက် ကုသရန်နှင့်ကာကွယ်ရန် ၁၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် သောက်ရပါ သည်။

ဘေးထွက်ဆိုးကျိုးများ
အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာမျိုရခက်ခြင်း၊ လည်ချောင်းနာခြင်းတို့ ဖြစ်တတ်ပါသည်။ အသည်းထိခိုက်ခြင်း၊ သွေးရောဂါများဖြစ်ခြင်း၊ နေလောင်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။ ဆေးမတည့်သည့်လက္ခာဏာများလည်း ပေါ်နိုင်ပါသည်။

ကြိုတင်သတိပြုရန်
ဆေးကို အစာနှင့်ဝေးဝေး ရေများများဖြင့် မျိုချရမည်။ ဆေးကို ထိုင်လျက် သို့မဟုတ် မတ်တတ်ရပ်သောက်လျှင် ပိုကောင်းသည်။ အသည်းရောဂါရှိသူများ၊ ကြွက်သားအားနည်းရောဂါရှိသူများ၊ အက်စ်အယ်အီးခေါ်ကိုယ့်ကိုယ်ကိုယ်ဖျက် ခုခံအားစနစ်ရောဂါများအတွက် သတိပြုသုံးရမည်။ အက်ဆစ်ဓာတ်ပြယ်ဆေးများ၊ သတ္တုဓာတ်ဆားများ၊ နွားနို့တို့နှင့် ရောမသောက်သင့်ပါ။ ဆေးကိုအစာလမ်းကြောင်းမှစုပ်ယူခြင်းလျော့ကျစေနိုင်ပါသည်။ နေရောင်ထဲ မထွက်သင့်ပါ။ အရက်စွဲနေသူများလည်း သတိပြုသုံးစွဲသင့်ပါသည်။အသက်ဆယ့်နှစ်နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ ရှောင်သင့်ပါသည်။


.