Pain, အကိုက်အခဲပျောက်ဆေးများ

Ks - 18500
  • Dofenal 250 ( 25x4's )
  • Mefenamic Acid 250mg
  • 25x4's Tables

Mefenamic Acid 250mg

Description

Description

အရောင်ရော့ဆေးတစ်မျိုးဖြစ်ပါသည်။ နာကျင်ကိုက်ခဲခြင်းအမျိုးမျိုးကိုသက်သာစေပြီး အဖျားကျစေသည့်အာနိသင်ရှိသည်။အခြားအရိုးအဆစ်ကြွက်

သားရောဂါများတွင်လည်းအသုံးပြုနိုင်သည်။ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း စသောနာကျင်မှု့ ဝေဒနာအမျိုးမျိုး

ကိုသက်သာစေနိုင်ပါသည်။

အမျိုးသမီးများမီးယပ်ပေါ်တဲ့အခါ ကိုက်ခဲခြင်းနှင့် မီးယပ်လွန်ကဲခြင်း(သွေးဆင်းများ၍ရက်ရှည်ခြင်း) တို့အတွက်အသုံးပြုနိုင်ပါသည်။ဖျားနာခြင်းတို့

တွင်လည်း အပူကျဆေးအဖြစ်အသုံးပြုနိုင်ပါသည်။

ဆေးသောက်ရန်အညွှန်း....

                     များသောအားဖြင့် ၂၅၀မီလီဂရမ် တစ်နေ့သုံးကြိမ် အစာစားပြီးမှသောက်ရပါသည်။

၆လနှင့်အထက်ကလေးများ ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၁၅မီလီဂရမ်နှုန်းကို အကြိမ်ခွဲပေးရပါသည်။


ကြိုတင်သတိပြုရန်.....

                      ပန်းနာရင်ကြပ်ရောဂါကို တစ်ခါတစ်ရံပိုဆိုးစေနိုင်ပါတယ်...အစာအိမ်ကိုထိခိုက်စေသဖြင့် အစာစားပြီးမှသောက်ရပါသည်။

သက်ကြီးရွယ်အိုများ၊ ကျောက်ကပ်အားနည်းသူများ ဆေးချိန်ကိုလျှော့သောက်ရပါမည်။ စတီရွိက်မဟုတ်သော အရောင်လျော့ဆေးများနှင့်မတည့်

သူများ အသုံးမပြုရပါ။ အစားအိမ်လမ်းကြောင့်မှသွေးယိုဖူးသူများလည်းရှောင်သင့်ပါသည်။