Anti Virals, ရေယုံရောဂါပျောက်ဆေးများ

Ks - 12200
  • Acyclovir STADA 400MG ( 7x5's )
  • Acyclovir 400mg
  • 7x5's Tables

Acyclovir 400mg

Description

Acyclovir(အေဆိုင်ကလိုဗာ)

ဗိုင်းရပ်စ်ပိုးနှိမ်နင်းသော ဆေးတစ်မျိုးဖြစ်သည်။(herpes simplex virus infections)   ဟားပီးစ်ဆင်းပလက်စ်နှင့်             ( Varicella zoster virus )   ဗယ်ရီဆဲလားဇော့စတာဗိုင်းရပ်စ်တို့ကို နိုင်နင်းသည်။

ပျောက်ကင်းနိုင်သောရောဂါများ

ဟားပီးစ်ဆင်းပလက်ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရေယုန်ရောဂါအမျိုးမျိုး ဗယ်ရီဆဲလာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောကျောက်ရောဂါနှင့် အေ့ဒ်စ်ခေါ် ခုခံအားကျဆင်းမှုကူးစက်ရောဂါများတွင် ဗိုင်းရပ်စ်ပိုးဝင်ကူးစက်မှုမဖြစ်အောင် ကာကွယ်ရန် အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း

ထိုးဆေး၊ စားဆေးနှင့်လိမ်းဆေးဟူ၍ရှိသည်။ ပါးစပ်အရေပြားနှင့် လိင်အင်္ဂါများတွင်ဖြစ်သော ရေယုန်ရောဂါများအတွက် ၂၀၀ မီလီဂရမ် တစ်နေ့ငါးကြိမ် ငါးရက်သောက်ရသည်။လိမ်းဆေးလည်းအသုံးပြုနိုင်သည်။ ရောဂါအခြေအနေပေါ်မူတည်ပြီး   ရက်ထပ်တိုးနိုင်သည်။ခုခံအားကျဆင်းနေသောလူနာများ(အေ့ဒ်စ်ဝေဒနါရှင်များ၊ ကင်ဆာဆေးသွင်းနေရသူများ ၊ခန္ဓာကိုယ်အစိတ် အပိုင်းတစ်ခုခု အစားထိုးကုသမှု ခံယူပြီးခန္ဓာကိုယ်မှ အစားထိုးပစ္စည်းကို ခုခံတွန်းလှန်မှုလျော့အောင် ဆေးပေးထားရသူများ)   ဗိုင်းရပ်စ်ပိုးဝင်ကူးစက်ခြင်းမဖြစ်ရအောင်
ကာကွယ်သည့်အနေဖြင့်အသုံးပြုလျှင် ၂၀၀ မီလီဂရမ် တစ်နေ့လေးကြိမ်သောက်ရသည်။ရေကျောက်ရောဂါနှင့် ဆင်ရေယုန်အတွက် ၂၀၀ မီလီဂရမ် တစ်နေ့ငါးကြိမ် ခုနှစ်ရက်သောက်ရသည်။ကလေးများတွင်ဖြစ်သော ရေကျောက်ရောဂါအတွက် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၂၀ မီလီဂရမ်နှုန်းဖြင့် တစ်နေ့လေးကြိမ်ခွဲပေးရသည်။ တစ်နေ့လျှင် ၈၀၀ မီလီဂရမ်ထက်မပိုရပါ။

ဘေးထွက်ဆိုးကျိုးများ

ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ နွမ်းနယ်ခြင်း၊ ယားယံခြင်း၊ အင်ပျဥ်ထခြင်း၊ အဖုအပိမ့်များပေါ်ခြင်း၊ နေရောင်ခြည်အထိမခံနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။အသားဝါခြင်း၊ အသည်းရောင်ခြင်း၊ ဆေးမတည့်ခြင်း၊ ရုတ်တရက် ကျောက်ကပ်အားလျှော့ခြင်း၊ သွေးဆဲများ   လျော့နည်းကျဆင်းခြင်းနှင့် ခေါင်းမူးခြင်း၊   စိတ်ရှုပ်ထွေးခြင်း၊ အိပ်ငိုက်ခြင်း၊ မရှိသည် ကိုမြင်နေခြင်း စသည့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာဆိုးကျိုးများ   ရှားပါးသော်လည်း   ဖြစ်နိုင်ပါသည်။

 ကြိုတင်သတိပြုရန်

ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ အလွန် လိုအပ်မှသာ သုံးသင့်ပါသည်။ သက်ကြီးရွယ်အိုများ ဆေးပမာဏလျှော့သောက်ရသည်။ ကျောက်ကပ်ရောဂါပြင်းပြင်းထန်ထန်ခံစားနေရသူများ သတိဖြင့်အသုံးပြုရသည်။ ဤဆေး   အသုံးပြုနေစဥ်   ခန္ဓာကိုယ်တွင် ရေဓာတ်လုံလောက်နေရမည်။ ရေဓာတ်ခန်းခြောက်နေခြင်း   မဖြစ်စေရပါ။ ရေများများသောက်ပေးရမည်။ သို့မဟုတ်အကြောမှ အရည်ဓာတ်သွင်းပေးရမည်။ဤဆေးနှင့်မတည့်သူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ မသုံးသင့်ပါ။