Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 25000
  • Rifampicin 150mg (10x10's)
  • Rifampicin 150mg
  • 10x10's Capsules

Rifampicin 150mg

Description


Rifampicin(ရိုင်ဖန်ပီစင်)

            တီဘီရောဂါကုဆေးတစ်မျိုးဖြစ်သည်။ အလွန်အစွမ်းထက်သောဆေးဖြစ်၍ တိကျခိုင်လုံသောအကြောင်းပြချက်မရှိလျှင် တီဘီရောဂါအတွက် ဤဆေးမဖြစ်မနေအသုံးပြုသင့်သည်။

ပျောက်ကင်းနိုင်သောရောဂါများ

            တီဘီရောဂါအမျိုးမျိုးတွင် အခြားဆေးများနှင့်တွဲဖက်အသုံးပြုသည်။ အနာကြီးရောဂါတွင်လည်း အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း

            လူကြီးကိုယ်အလေးချိန် ၅၀ ကီလိုအောက် ၄၅၀ မီလီဂရမ်၊ ကိုယ်အလေးချိန် ၅၀ ကီလိုအထက် ၆၀၀ မီလီဂရမ်၊ အခြားတီဘီရောဂါကုဆေးများနှင့်အတူ တစ်ကြိမ်တည်း နံနက်အိပ်ရာထ အစာမစားခင်သောက်ရသည်။ ကလေးကိုယ်အလေးချိန် တစ်ကီလိုလျှင် ၁၀ မီလီဂရမ်နှုန်း(၆၀၀ မီလီဂရမ်ထက် မပိုရပါ) အထက်ပါအတိုင်းသောက်ရသည်။

            ကနဉီး နှစ်လနှင့်နောက်ထပ်လေးလ စုစုပေါင်း ခြောက်လ နေ့စဉ်သောက်ရသည်။ ဤသည်မှာ တီဘီရောဂါအတွက်ဖြစ်သည်။ အနာကြီးရောဂါအတွက် ဆေးပေါင်းကုထုံးတွင် ၆၀၀ မီလီဂရမ် တစ်လတစ်ကြိမ်သာသောက်ရသည်။ ကိုယ်အလေးချိန် ၃၅ ကီလိုအောက် လူကြီးများ ၄၅၀ မီလီဂရမ် သောက်ရသည်။

 ဘေးထွက်ဆိုးကျိုးများ

            အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း စသော အစာလမ်းကြောင်းဆိုင်ရာဆိုးကျိုးများ ခံစားရတတ်သည်။ ချမ်းတုန်ဖျားခြင်း၊ အဆစ်အမြစ်များကိုက်ခဲခြင်း၊ ခေါင်းမူးခြင်း စသည်ဖြင့် တုတ်ကွေးနှင့်ဆင်တူသော အဖျားမျိုးဖျားတတ်သည်။ ရင်ကျပ်ခြင်း၊ အသက်ရှူမဝခြင်းတို့လည်းဖြစ်နိုင်သည်။ ရုတ်တရက်ကျောက်ကပ်အားလျော့ခြင်း၊ သွေးဉမွှားအရေအတွက်လျော့ပါးခြင်းတို့လည်း တစ်ခါတစ်ရံဖြစ်နိုင်ပါသည်။

            အင်ပျဉ်ထခြင်း၊ အဖုအပိမ့်များထွက်ခြင်းတို့ဖြစ်နိုင်ပါသည်။ ဆီး၊ တံတွေးစသော ခန္ဓာကိုယ်မှစွန့်ထုတ်သောအရည်များ ဆေးအရောင်အတိုင်း အနီရောင်ဖြစ်သွားခြင်းသည် အန္တရာယ်မရှိပါ။ အသည်းလုပ်ငန်းကိုထိခိုက်စေသဖြင့် အသားဝါတတ်သည်။ အထူးသဖြင့် အသည်းလုပ်ငန်းပုံမှန်မဟုတ်သော အရက်စွဲနေသူများ၊ အသည်းခြောက်ရောဂါရှိသူများတွင် ဖြစ်တတ်သည်။

 

သတိပြုရန်နှင့်ရှောင်ရန်

            အသည်းရောဂါဖြစ်ဖူးသူများ၊ အရက်စွဲနေသူများနှင့် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ သတိပြုသုံးစွဲသင့်သည်။ လိုအပ်လျှင် ဆေးချိန်အနည်းငယ်လျှော့ပေးနိုင်သည်။ ဤဆေးသည်ပဋိသန္ဓေ တားဆေးများ၏အာနိသင်ကိုလျော့ပါးစေသဖြင့် ဤဆေးသောက်နေသူ အမျိုးသမီးများ ပဋိသန္ဓေတားလိုလျှင် အခြားနည်းတစ်ခုခု(ဥပမာ ကွန်ဒုံးသုံးခြင်း) အသုံးပြုရမည်။အသားဝါနေသူများ ရှောင်ရပါမည်။