Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 13500
  • Doverin 40 (10x10's)
  • Drotaverine 40mg
  • 10x10's Tables

Drotaverine 40mg

Description

Drotaverine
(ဒရိုတာဗယ်ရင်း)
  ခန္ဓာကိုယ်ကြွက်သားချောများပြေလျော့စေသည့် အာနိသင်အလွန်ထက်မြက်သည့်အပြင် အင်အက်စ်အေအိုင်ဒီဆေးများကဲ့သို့ အရောင်လျော့စေသည့် ဆေးဖြစ်သည်။ ကြွက်သားချောများ အလွန်အမင်းကျုံ့ပြီး တောင့်တင်းသောအခြေအနေကို လျော့ပါးသက်သာရာရစေသည်။

ပျောက်ကင်းနိုင်သောရောဂါများ
  လေထိုးလေအောင့်ခြင်း၊ ဗိုက်ရစ်နာခြင်း စသောအစာလမ်းကြောင်းအူနံရံကြွက်သားချောများ အလွန်ကျုံ့ခြင်းကြောင့်ဖြစ်သော ဝေဒနာကိုသက်သာအောင် အသုံးပြုနိုင်သည်။ သည်းခြေအိတ်နှင့် သည်းခြေပြွန်ကျုံ့ခြင်းကြောင့်ဖြစ်သော နာကျင်ခြင်းအတွက်လည်း အသုံးပြုသည်။ ဆီးထိုးဆီးအောင့်ခြင်းအတွက်လည်း သက်သာစေသည်ဟုသိရသည်။ မီးယပ်ပေါ်စဥ်ကိုက်ခဲနာကျင်ခြင်းကိုလည်းသက်သာစေနိင်သည်။ မီးဖွားပြီး သားအိမ်အလွန်ကျုံ့စေသောကြောင့် နာကျင်ခြင်းအတွက်လည်း အသုံးပြုနိုင်သည်။
ဆေးဝါးသုံးစွဲပုံအညွှန်း
   စားဆေးအပြင် ထိုးဆေးလည်းရှိသည်။ စားဆေး ၄၀-၈၀ မီလီဂရမ် တစ်နေသုံးကြိမ်သောက်ရပါမည်။ အသက်တစ်နှစ်မှ ခြောက်နှစ်အရွယ်ကလေး ၂၀ မီလီဂရမ် တစ်နေ့သုံးကြိမ်နှင့် ခြောက်နှစ်မှဆယ့်နှစ်နှစ်အရွယ်ကလေး ၄၀ မီလီဂရမ် တစ်နေ့သုံးကြိမ်သောက်နိုင်သည်ဟု ဆိုပါသည်။ ထိုးဆေး ၄၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိုးနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုးများ
  ဆေးအပြစ် အနည်းငယ်သာရှိသည်ဟု ဆိုပါသည်။ ကြွက်သားအားလျော့ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့ခြင်း၊ ရင်တုန်ခြင်းတို့ကို ဆေးသုံးစွဲသူ ၃ % တွင်သာ တွေ့ရသည်ဟု သိရသည်။
သတိပြုရန်နှင့်ရှောင်ရန်
  အထူးအထွေမရှိပါ။အသည်း သို့မဟုတ် ကျောက်ကပ် သို့မဟုတ် နှလုံးအားလျော့ခြင်းပြင်းပြင်းထန်ထန်ခံစားနေရသူများ အသုံးမပြုသင့်ပါ။