Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 0
  • levofloxacin Livox-(500mg) 10x10's
  • Levofloxacin(500)
  • 10x10's Tables

Levofloxacin(500)

Description

Levofloxacin
(လီဗိုဖလောက်ဆာစင်)
ကွီနိုလုံးအုပ်စုဝင် ပဋိဇီ၀ဆေးတစ်မျိုးဖြစ်သည်။ ဆိုင်ပရိုဖလောက်ဆာစင်ကဲ့သို့ပင် ဂရမ်ပေါ့ဇတစ် ဘက်တီးရီးယားအချို့နှင့် ဂရမ်နဂ္ဂတစ် ဘက်တီးရီးယားအများစုအပေါ် အာနိသင်သက်ရောက်နိုင်သည်။
စထရက်တိုကော့ကပ်စ် နယူမိုနီယေးအပေါ်တွင် ဆိုင်ပရိုဖလောက်ဆာစင်ထက်ပို၍ အာနိသင်ထက်မြက်စွာပြသနိုင်သည်ဟု ဆိုသည်။

ပျောက်ကင်းနိုင်သောရောဂါများ
လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းစသော အသက်ရှူလမ်းကြောင်းဘက်တီးရီးယားပိုးဝင်ရောဂါများ၊ ဆီးလမ်းကြောင်း ဘက်တီးရီးယားပိုးဝင်ရောဂါများနှင့် အရေပြားဘက်တီးရီးယား ပိုးဝင်ရောဂါများတွင် အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း
များသောအားဖြင့် ၂၅၀-၅၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ၇-၁၀ ရက်သောက်ရသည်။ အဆုတ်ရောင်ရောဂါနှင့် အရေပြားပြည်တည်နာများတွင် ၁၄ ရက် အထိသောက်နို်ငသည်။

ဘေးထွက်ဆိုးကျိုးများ
ပျို့ခြင်း၊ အန်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းနောက်ခြင်း၊ အိပ်မပျော်ခြင်း၊ ယာယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းတို့ဖြစ်တတ်ပါသည်။
အစားအသောက်ပျက်ခြင်း၊ ဆီးဆိပ်တက်ခြင်း၊ အိပ်ငိုက်ခြင်း၊ ကယောင်ကတန်းဖြစ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊ စိတ်ရှုတ်ထွေးဝေခွဲမရဖြစ်ခြင်း၊ မရှိသည်ကိုရှိသယောင်မြင်နေ ကြားနေခြင်း၊တက်ခြင်း၊ ခြေလက်တုန်ခြင်းတို့ဖြစ်နိုင်ပါသည်။

ကြိုတင်သတိပြုရန်/ရှောင်ရန်
ဝက်ရူးပြန်ရောဂါ သို့မဟုတ် တက်တတ်သည့်ရာဇဝင်ရှိသူများ၊ ဂျီစစ်ပီဒီချို့တဲ့သူများ၊ မိုင်ယာစသီးနီးယား ဂရဲဗစ်ခေါ်ကြွက်သားအားနည်းရောဂါရှိသူများ သတိထားသုံးစွဲသင့်ပါသည်။ ကျောက်ကပ်အားလျော့နည်းသူများ ဆေးချိန်လျှော့သောက်ရပါမည်။ ပုံမှန်အားဖြင့် ကလေးများတွင် အသုံးမပြုပါ။ တိရစ္ဆာန်များတွင် စမ်းသပ်ချက်အရ အရိုးအဆစ်ရောဂါများဖြစ်ကြောင်းတွေ့ရှိရ၍ဖြစ်ပါသည်။
စိတ္တဇရောဂါလက္ခဏာများ၊ ဉီးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါလက္ခာဏာများ ပြလာလျှင် ဆေးကိုချက်ချင်းရပ်ရပါမည်။
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များအတွက် အန္တရာယ်မရှိဟုမဆိုနိုင်သဖြင့် ရှောင်လျှင်ပိုကောင်းပါသည်။