Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 0
  • Fluconazole (FLU - OXY ) 10x1's
  • Fluconazole 150mg
  • 10x1's Tables

Fluconazole 150mg

Description

Fluconazole(ဖလူကိုနာဇော)
    မှိုရောဂါအမျိုးမျိုးအတွက် အသုံးပြုသောဆေးဖြစ်သည်။ တီနီယာ၊ ကင်ဒီဒါ စသောမှိုမျိုးများအပြင် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေနိုင်သော ရှားပါးသော်လည်း အလွန်ပြင်းထန်သည့် ကရစ်တိုကော့ကိုးစစ်မှိုစွဲနာကိုလည်း ပျောက်ကင်းစေနိုင်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
    အာခေါင်တွင်ဖြစ်သော ကင်ဒီနာမှိုစွဲနာ မက်ခရု၊ အမျိုးသမီးယောနိတွင်ဖြစ်သော ကင်ဒီဒါမှိုစွဲနာ အဖြူဆင်းခြင်းတို့တွင် အသုံးပြုသည်။ ကရစ်တိုကော့ကိုးစစ် မှိုစွဲနာကုသရန်နှင့်ကာကွယ်ရန်အသုံးပြုနိုင်သည်။ဗောက်၊ ညှင်း၊ ပွေး၊ ဂျွတ်၊ သဲဝဲ၊ ခြခြေသည်းလက်သည်းပွေး စသော တီနီယာမှိုစွဲနာတွင်လည်းအသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း
    အမျိုးသမီးယောနိ ကင်ဒီဒါမှိုစွဲနာနှင့် အမျိုးသားလိင်တံထိပ် ကင်ဒီဒါမှိုစွဲနာအတွက် ၁၅၀ မီလီဂရမ် တစ်ကြိမ်တည်းသောက်ရုံဖြင့်လုံလောက်သည်။ ပါးစပ်တွင်း၌ဖြစ်သော မက်ခရုခေါ် ကင်ဒီဒါမှိုစွဲနာအတွက်စားဆေး ၅၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် တစ်ပတ်မှ နှစ်ပတ်သောက်ရသည်။ အစာရေမျိုရောင်ခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းစသည့်အခြား ကင်ဒီဒါမှိုစွဲနာများအတွက် ၅၀ မီလီဂရမ် တစ်လအထိ သောက်ရတတ်ပါသည်။ ပြင်းထန်သော ကင်ဒီဒါမှိုစွဲနာများနှင့် ကရစ်တိုကော့ကိုးစစ်မှုစွဲနာအတွက် စားဆေး သို့မဟုတ် အကြောထိုးဆေးအဖြစ် ၄၀၀ မီလီဂရမ်စပေးပြီး နောက်ပိုင်း တစ်နေ့ ၂၀၀ မီလီဂရမ်ပေးရသည်။ ဗောက်၊ ညှင်း၊ ပွေး၊ ဂျွတ်၊ သဲဝဲ၊ ခြေသည်းလက်သည်းပွေးစသည့် တီနီယာမှိုနာစွဲအတွက် ၅၀ မီလီဂရမ် နှစ်ပတ်မှလေးပတ်အထိ ပေးရပါသည်။ ခြေသည်းလက်သည်းပွေးအတွက်ခြောက်ပတ်အထိ ပေးရတတ်ပါသည်။ခြောက်ပတ်ထက်မပိုသင့်ပါ။အေ့ဒ်စ်ရောဂါရှင်များနှင့် ဓာတ်ရောင်ခြည်ဖြင့်သော်လည်းကောင်း၊ ကင်ဆာသွေးသွင်း၍သော်လည်းကောင်း ကုသမှုခံယူနေရသောကင်ဆာဝေဒနာရှင်များသည် ကိုယ်ခံအားကျဆင်းနေသောကြောင့် မှိုရောဂါများ စွဲကပ်လွယ်ပါသည်။ ယင်းကိုကာကွယ်ရန် ဖလူကိုနာဇော ၅၀-၄၀၀ မီလီဂရမ် စားဆေးအဖြစ်သော်လည်းကောင်း၊ အကြောထိုးဆေးအဖြစ်သော်လည်းကောင်း ပေးရသည်။

ဘေးထွက်ဆိုးကျိုးများ
    ပျို့ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ လေပွခြင်း၊ ခေါင်းကိုင်ခြင်း၊အဖုအပိမ့်ထွက်ခြင်းတို့ ဖြစ်တတ်ပါသည်။အစာမကြေခြင်း၊ အန်ခြင်း၊ အသည်းထိခိုက်ခြင်း၊ ဆေးမတည့်ခြင်း၊ ခေါင်းနောက်ခြင်း၊ တက်ခြင်း၊ဆံပင်ကျွတ်ခြင်း၊ ယားယံခြင်း၊ သွေးအဆီများခြင်း၊ သွေးဖြူဥနည်းခြင်း၊ သွေးဥမွှားနည်းခြင်း၊ သွေးပိုတက်စီယမ်နည်းခြင်းတို့လည်း တစ်ခါတစ်ရံ ဖြစ်နိုင်ပါသည်။

ကြိုတင်သတိပြုရန်
    ကျောက်ကပ်အားလျော့နေသူများ ဆေးချိန်လျော့သုံးရမည်။ အသည်းပုံမှန်အတိုင်း အလုပ်လုပ်ခြင်းရှိ မရှိစောင့်ကြည့်နေရမည်။ အသည်းကိုထိခိုက်နိုင်သောကြောင့် အသည်းရောဂါလက္ခဏာများပြလာလျှင် ဆေးကိုရပ်ရမည်။
ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ မသုံးသင့်ပါ။