Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 10200
  • Ketoconazole ( KEZOLE -200 )
  • Ketoconazole 200mg
  • 10x10's Tables

Ketoconazole 200mg

Description

kezole 200mg ( Ketoconazole 200mg )
Ketomac သည်မှိုရောဂါအမျိုးမျိုးအတွက်အသုံးပြုသောဆေးဖြစ်သည်။ ပြင်းထန်သောမှိုစွဲနာများတွင် အသုံးပြုလေ့ရှိသည်။

အသုံးပြုနိုင်သောရောဂါများ
အခြားဆေးများဖြင့်မပျောက်ကင်းသော မက်ခရုရောဂါ၊ အစာလမ်းကြောင်းမှိုစွဲနာ၊ ယောနိမှိုစွဲနာတို့တွင် အသုံးပြုသည်။ အခြားဆေးမတိုးသောအရေပြားနှင့် လက်သည်းမှိုစွဲနာများအတွက်လည်း အသုံးပြုနိုင်သည်။
ကိုယ်ခံအားကျဆင်းနေသူများ မှိုရောဂါမစွဲကပ်အောင်ကာကွယ်သည့် အနေဖြင့်အသုံးပြုနိုင်သည်။

ဆေးဝါးသုံးစွဲပုံအညွှန်း
စားဆေး ၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် အစာနှင့်သောက်ရသည်။ များသောအားဖြင့် ဆယ့်လေးရက်သောက်ရသည်။ ရောဂါလက္ခာဏာသက်သာပြီးအနည်းဆုံး ခုနှစ်ရက်သောက်ရသည်။ ကလေးများအတွက်
ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၃ မီလီဂရမ်နှုန်း တစ်နေ့တစ်ကြိမ်သောက်နိုင်သည်။အခြားဆေးမတိုးသော နာတာရှည်ယောနိမှိုစွဲနာအတွက် ၄၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် အစာဖြင့် ငါးရက်သောက်ရသည်။
ကိုယ်ခံအားကျနေသူများ မှိုရောဂါမစွဲကပ်အောင်ကာကွယ်ရန် ၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် သောက်နို်ငသည်။

ဘေးထွက်ဆိုးကျိုးများ
ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ အင်ပျဉ်ထွက်ခြင်းတို့ဖြစ်နိုင်ပါသည်။ ဆယ့်လေးရက်ထက်ပိုသောက်လျှင် အသည်းထိခိုက်ရန် အလားအလာ
ပိုများသည်ဟု ဆိုပါသည်။ ဆံပင်ကျွတ်ခြင်း၊ ယောက်ျားများနို့စူလာခြင်း၊ သုက်ရည်တွင် သုက်ကောင်အရေအတွက်နည်းခြင်း၊ သွေးဥမွှားနည်းခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ အလင်းရောင်မကြည့်နိုင်ခြင်း၊ခေါင်းနောက်ခြင်းတို့ဖြစ်သော်လည်း အလွန်ရှားပါသည်။

သတိပြုရန်/ရှောင်ရန်
အသည်းကိုထိခိုက်စေနိုင်သဖြင့် အသည်းပုံမှန်အတိုင်း အလုပ်လုပ်ခြင်း ရှိ မရှိ မကြာခဏ သွေးစစ်ဆေးကြည့်သင့်သည်။ အသည်းရောဂါလက္ခဏာများပြလာလျှင် ဆေးကို ချက်ချင်းရပ်ရမည်။
အသည်းရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ အသုံးမပြုရပါ။