Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 0
  • Fulcover ( 10x4's )
  • Itraconazole 100mg
  • 10x4's Capsules

Itraconazole 100mg

Description

Itraconazole(အီထရာကိုနာဇော)

မှိုရောဂါအမျိုးမျိုးအတွက် အသုံးပြုသောဆေးတစ်မျိုးဖြစ်သည်။ တီနီယာ၊ ကင်ဒီဒါ အစရှိသောမှိုများကို ချေမှုန်းနိုင်စွမ်းရှိသည်။

ပျောက်ကင်းနိုင်သောရောဂါများ
ဗောက်၊ ညှင်း၊ ပွေး၊ ဂျွတ်၊ သဲဝဲ၊ ခြေသည်းလက်သည်းပွေး စသော တီနီယာမှိုစွဲနာအမျိုးမျိုးနှင့် အာခေါင်တွင်ဖြစ်သော မက်ခရု၊ အမျိုးသမီးယောနိနှင့် မိန်းမကိုယ်တွင်ဖြစ်သော အဖြူဆင်းခြင်းစသော ကင်ဒီဒါမှိုစွဲနာ တို့တွင် အသုံးပြုသည်။ ဦးနှောက်အမြှေးရောင်ရောဂါဖြစ်စေနိုင်သော ခရစ်တိုကော့ကိုးစစ် မှိုစွဲနာ၊ ဟစ်စတိုပလပ်စမိုးစစ်နှင့် အက်စ်ပါဂျီလိုးစစ် စသော အဆုတ်မှိုစွဲနာများတွင်လည်း အသုံးပြုနိုင်သည်။

ဆေးသောက်ရန်အညွှန်း
မက်ခရုအတွက် ၁၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ၁၅ ရက်။ မိန်းမကိုယ်နှင့်ယောနိ ကင်ဒီဒါမှိုစွဲနာအတွက် ၂၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် တစ်ရက်။ ခြေသည်းလက်သည်းပွေးအတွက် ၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ၃ လ။ ညှင်း၊ ပွေး၊ ဂျွတ်၊ သဲဝဲ၊ ဗောက် စသော တီနီယာမှိုစွဲနာများအတွက် ၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ခုနှစ်ရက် သောက်ရပါသည်။ ပြင်းထန်သော မှိုစွဲနာများအတွက် ထိုးဆေး အသုံးပြုနိုင်ပါသည်။

ဘေးထွက်ဆိုးကျိုးများ
ပျို့ခြင်း၊ ဗိုက်နာခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းနောက်ခြင်း၊ အသည်းထိခိုက်ခြင်း၊ အမျိုးသမီးများမီးယပ်မမှန်ခြင်း၊မတည့်သည့်လက္ခဏာများပေါ်ခြင်း(ယားယံခြင်း၊အဖုအပိမ့်ထွက်ခြင်း၊ ရောင်ကိုင်းခြင်း စသည်ဖြင့်) အသည်းရောင်ခြင်း၊ အသားဝါခြင်း၊ နှလုံးအား

လျော့ရောဂါဖြစ်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။ကြာရှည်သုံးစွဲသူများတွင်ဆံပင်ကျွတ်ခြင်းဖောရောင်ခြင်းသွေးပိုတက်စီယမ်နည်းခြင်းဖြစ်နိုင်ပါသည်။

ကြိုတင်သတိပြုရန်
ဤဆေးကို အသည်းတွင်ချေဖျက်သဖြင့် အသည်းလုပ်ငန်းဆောင်ရွက်မှု သွေးစစ်ဆေးခြင်းကို ဆေးစမသောက်ခင်နှင့် သောက်နေစဥ် စစ်ဆေးသင့်ပါသည်။ နှလုံးအားလျော့ရောဂါဖြစ်ဖူးသူများ၊ သက်ကြီးရွယ်အိုများ သတိပြုသုံးစွဲသင့်သည်။ ဤဆေးကြောင့် နှလုံးအားလျော့ခြင်း ဖြစ်နိုင်ပါသည်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ မသုံးမဖြစ်မှသာ သုံးသင့်ပါသည်။