Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 8500
  • Chloramphenicol cap ( 10x10's )
  • Chloramphenicol 250mg
  • 10x10's Capsules

Chloramphenicol 250mg

Description

Chloramphenicol(ကလိုရမ်ဖန်နီကော)

ဘက်တီးရီးယားများကိုသေစေနိုင်သည့်အာနိသင်ကျယ်ပြန့်ထက်မြတ်သောပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ သို့ရာတွင် သွေးနှင့်ပတ်သက်သောရောဂါများပြင်းပြင်းထန်ထန်ဖြစ်နိုင်ချေများလွန်းသောကြောင့်ဤဆေးသည်သာ အကောင်းဆုံးဟုဆိုရမည့်ရောဂါများတွင်သာအသုံးပြုရန် ဆေးပညာရှင်များက သတ်မှတ်ထားရှိကြပါသည်။

ပျောက်ကင်းနိုင်သောရောဂါများ
ဟီမိုဖီးလပ်စ် အင်ဖလူအင်ဇေးကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါနှင့် တိုက်ဖွိုက်ခေါ် အူရောင်ငန်းဖျားရောဂါတွင် အဓိကအသုံးပြုသည်။ မျက်စဥ်း၊ နားတွင်း အစက်ချဆေးရည်၊ အနာထည့်ဆေးအဖြစ်လည်းအသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း
စားဆေး သို့မဟုတ် အကြောထိုးဆေးအဖြစ်အသုံးပြုသည်။ လိမ်းဆေးလည်းရှိသည်။ ယေဘုယျအားဖြင့် ကိုယ်အလေးချိန် တစ်ကီလိုလျှင် တစ်နေ့ ၅၀ မီလီဂရမ်နှုန်းကို လေးကြိမ်ခွဲပေးရသည်။ သွေးဆိပ်တက်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်းစသော ပြင်းထန်သည့်ရောဂါများတွင် ဆေးချိန်နှစ်ဆပေးနိုင်သည်။ သို့ရာတွင် ရောဂါလက္ခဏာများသက်သာသည်နှင့်တစ်ပြိုင်နက် ဆေးချိန်ကို ချက်ချင်းပြန်လျှော့ရမည်။
ကလေးများအတွက် ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၂ ပတ်အောက် မွေးကင်းစကလေးများ ၂၅ မီလီဂရမ်နှုန်း၊ ၂ ပတ်မှ တစ်နှစ်အတွင်း ကလေးများ ၅၀ မီလီဂရမ်နှုန်း၊ တစ်နှစ်အထက် ကလေးငယ်များ ၅၀ မှ ၁၀၀ မီလီဂရမ်နှုန်းကို တစ်နေ့လေးကြိမ် ခွဲပေးရပါသည်။

ဘေးထွက်ဆိုးကျိုးများ
အေပလပ်စတစ် အနီးမီးယားခေါ် ရိုးတွင်းခြင်ဆီပျက်စီး၍ဖြစ်သော သွေးအားနည်းရောဂါအပြင် တစ်ခါတစ်ရံ လူကီးမီးယားရောဂါအထိဖြစ်နိုင်သော သွေးနှင့်ပတ်သက်သည့်ဆေးအပြစ်မှာ အရေးကြီးဆုံးဖြစ်သည်။
ခြေလက်ထုံကျဥ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်း၊ အင်ပျဥ်ထခြင်း၊ အရေပြားပေါ်တွင် အနီကွက်များပေါ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အာခေါင်နာခြင်း၊ လျှာနာခြင်း၊ အာခြောက်ခြင်း စသည်တို့လည်းဖြစ်တတ်ပါသည်။

ကြိုတင်သတိပြုရန်
မကြာခဏ ထပ်ကာထပ်ကာပေးခြင်းနှင့် ရက်ကြာရှည်စွာပေးခြင်းရှောင်ရပါမည်။ အသည်းရောဂါ ရှိသူများ၊ ကျောက်ကပ်မကောင်းသူများ ဆေးချိန်လျှော့အသုံးပြုရပါမည်။ ဆေးအသုံးမပြုမီနှင့်အသုံးပြုနေစဥ်အတွင်းသွေးဆဲလ်အရေအတွက်ကို မကြာခဏ သွေးဖောက်စစ်ဆေးနေရပါမည်။ ဆေးချိန်များများပေးရသော ပြင်းထန်သောရောဂါများတွင် ရောဂါလက္ခဏာသက်သာသည်နှင့် ဆေးချိန်ကိုချက်ချင်း ပြန်လျှော့ရပါမည်။


.