Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 5350
  • Ampicillin 250mg pai (10x10's)
  • Ampicillin capsuldes B.P 250mg
  • 10x10's Capsules

Ampicillin capsuldes B.P 250mg

Description

Ampicillin

(အမ်ပီစလင်)
    ပယ်နင်စလင်အုပ်စုဝင် ပဋိဇီဝဆေး ( ပိုးသတ်ဆေး )တစ်မျိုးဖြစ်သည်။အနာများ ၊ထိခိုက် ရှနာများအတွက်လည်းအသုံးပြုနိုင်သည်။ ဂရမ်ပေါ့ဇတစ် နှင့် ဂရမ်နက်ဂတစ် ဘက်တီးရီးယားအများအပြားကို သေစေနိုင်သောအာနိသင်ရှိသည်။ ဘက်တီးရီးယားချေမှုန်းနိုင်စွမ်းအာနိသင်ကျယ်ပြန့်သော်လည်း ပယ်နစလင်နေးစ်အင်ဇိုင်း ထုတ်လုပ်နိုင်သောဘက်တီးရီးယားများကိုမနိုင်ပါ။ အမ်ပီစလင်ကို အလွန်အကျွံအသုံးပြုမှုကြောင့် ယခုအခါ စတက်ဖလိုကော့ကိုင်းအားလုံးနီးပါး၊ အီကိုလိုင် ၅၀%နှင့်ဟီမိုဖီးလပ်စ်အင်ဖလူအင်ဇေး၁၅% ခန့်မှာ ဆေးယဥ်နေပြီဟု ယူဆရသည်။

ပျောက်ကင်းနိုင်သောရောဂါများ
    ထိခိုက်ရှနာများ ၊ဆီးလမ်းကြောင်းဘက်တီးရီးယားပိုးဝင်ကူးစက်ခြင်း၊ အလယ်နားရောင်ခြင်း၊ နှာရည်အိတ်ရောင်ခြင်း၊ ခံတွင်းနှင့်သွား ဘက်တီးရီးယား ပိုးဝင်ကူးစက်ခြင်းများ၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ဟီမိုဖီးလပ်စ် အင်ဖလူအင်ဇေး ပိုးဝင်ကူးစက်ခြင်းများ၊ ဆာလ်မိနဲလားကြောင့်ဖြစ်သော အစာအဆိပ်သင့်ခြင်း၊ အူရောင်ခြင်း၊ လစ်စတီရီရယ် ဦးနှောက်အမြှေးရောင်ရောဂါတို့တွင် အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း
    သာမန်ပိုဝင်ကူးစက်ခြင်းများအတွက် ယေဘုယျဆေးချိန်မှာ စားဆေး ၂၅၀ မီလီဂရမ်မှ ၁၀၀၀ မီလီဂရမ် ခြောက်နာရီခြား တစ်ကြိမ် အစာမစားမီ အနည်းဆုံးနာရီဝက်ကြို၍သောက်ရသည်။ ဆယ်နှစ်အောက်ကလေးများ လူကြီးဆေးချိန်၏တစ်ဝက် ပေးနိုင်ပါသည်။ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်ခြင်းအတွက် ၅၀၀ မီလီဂရမ် ရှစ်နာရီခြားတစ်ကြိမ်၊ ကလေးများ လူကြီးဆေးချိန်၏တစ်ဝက်။
အသားထိုးဆေး၊ အကြောထိုးဆေးနှင့် သွေးကြောသွင်းအစက်ချဆေးသွင်းခြင်း ၅၀၀ မီလီဂရမ် လေးနာရီ သို့မဟုတ် ခြောက်နာရီခြား တစ်ကြိမ်။ ဆယ်နှစ်အောက်ကလေး လူကြီးဆေးချိန်၏ တစ်ဝက်။လစ်တီရီရယ် ဦးနှောက်အမြှေးရောင်ရောဂါ အတွက် အခြားပဋိဇီဝဆေးများနှင့်တွဲ၍ အ ကြောထိုးဆေး ၂၀၀၀ မီလီဂရမ် လေးနာရီခြား ၁၀ ရက်မှ ၁၄ ရက်။ တစ်နှစ်အောက်ကလေး ကိုယ်အလေးချိန် ၁ ကီလိုလျှင် ၅၀ မီလီဂရမ် ခြောက်နာရီခြား။ကလေး ၁လမှ ၃လ ကိုယ်အလေးချိန် ၁ ကီလိုလျှင် ၅၀ မီလီဂရမ်မှ ၁၀၀ မီလီဂရမ် ခြောက်နာရီခြား။ကလေး ၃လ မှ ၁၂ နှစ် ကိုယ်အလေးချိန် ၁ ကီလိုလျှင် ၁၀၀ မီလီဂရမ် ခြောက်နာရီခြား။ တစ်နေ့စာ ၂၀၀၀ မီလီဂရမ်ထက် မပိုရပါ။

ဘေးထွက်ဆိုးကျိုးများ

  ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ပဋိဇီဝဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်းကြောင့် ဝမ်းပျက်ခြင်းတို့ဖြစ်နိုင်ပါသည်။ အဖုအပိမ့်များထွက်လာပါက ဆေးကိုချက်ချင်းရပ်ပစ်ပါ။ဆေးမတည့်ခြင်း ဟုတ် မဟုတ် သေချာအောင် စစ်ဆေးပါ။ပယ်နင်စလင်နှင့် မတည့်သူများ။

.