Asthama, ရင်ကျပ်ပျောက်ဆေးများ

Ks - 16000
  • Montelukast (Montimax-10)10x10's tab
  • Montelukast 10mg
  • 10x10's Tables

Montelukast 10mg

Description

Montelukast (မွန်တီလူးကပ်)

            လူကိုထရိုင်ရင်းဆန့်ကျင်ဆေးတစ်မျိုးဖြစ်သည်။ လူကိုထရိုင်ရင်းသည် ခန္ဓာကိုယ်တွန်းလှန်တုံ့ပြန်ခြင်းလုပ်ငန်းစဉ်တွင် ပါဝင်သော ဓာတ်ပစ္စည်းတစ်ခုဖြစ်သည်။ လေပြွန်နံရံရှိဆဲလ်များကိုရောင်ရမ်းစေပြီး လေပြွန်ကိုလည်းကျဉ်းစေသည်။ ၎င်း အာနိသင်ကိုဆန့်ကျင်နိုင်စွမ်းရှိသဖြင့် မွန်တီလူးကတ်စ်ကို ပန်းနာရင်ကျပ်ရောဂါအတွက် အသုံးပြုနိုင်သည်ဟု ဆိုသည်။

ပျောက်ကင်းနိုင်သောရောဂါများ

            ပန်းနာရင်ကျပ်ရောဂါကာကွယ်ရန် အသုံးပြုသည်။

ဆေးသောက်ရန်အညွှန်း

            စားဆေး ၁၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ညနေဘက်သောက်ရသည်။ ကလေးခြောက်လမှ ငါးနှစ်အထိ ၄ မီလီဂရမ်၊ ငါးနှစ်မှ ဆယ့်လေးနှစ်အထိ ၅ မီလီဂရမ်တိုက်နိုင်သည်။

        

ဘေးထွက်ဆိုးကျိုးများ

            ဗိုက်နာခြင်း၊ ရေငတ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်ပါသည်။ ကလေးများ ဂနာမငြိမ်ယောက်ယက်ခတ်ခြင်း ဖြစ်တတ်သည်ဟုဆိုသည်။ အာခြောက်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာမကြေခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ အသည်းထိခိုက်ခြင်း၊ ရင်တုန်ခြင်း၊ ဖောရောင်ခြင်းတို့ရှားပါးသော်လည်း ဖြစ်နိုင်ပါသည်။

ကြိုတင်သတိပြုရန်/ရှောင်ရန်

            ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ အလွန်သတိထားသုံးသင့်သည်။ အသည်းမကောင်းသူများ၊ နို့တိုက်မိခင်များ ရှောင်သင့်ပါသည်။