Pain, အကိုက်အခဲပျောက်ဆေးများ

Ks - 9800
  • Celox-R 200
  • Celecoxib 200mg
  • 5x10's Capsules

Celecoxib 200mg

Description

Celox R 200 ဆေးသည် Celecoxib 200mg ပါဝင်ပြီး စတီးရွိုက်မဟုတ်သော( NSAID ) အရောင်ကျသည့် အာနိသင်ရှိပြီး နာကျင်ကိုက်ခဲမှု့ကို သက်သာ ပျောက်ကင်းစေသော အကိုက်အခဲပျောက်အုပ်စုဝင် ဆေးတစ်မျိုးဖြစ်ပါသည်။
အသုံးပြုနိုင်သောရောဂါများ
အရိုးအဆစ်များနာကျင်ရောင်ရမ်းခြင်း၊ လေးဘက်နာရောဂါကြောင့် အဆစ်များရောင်ရမ်းကိုက်ခဲခြင်း၊လမ်းမလျှောက်နိုင်အောင် လှုပ်မရခြင်း၊ဖျားနာခြင်း ၊အမျိုးသမီးများ ဓမ္မတာလာစဥ် ကိုက်ခဲခြင်းများ
ဆေးဝါးသုံးစွဲပုံ
အရိုးအဆစ်များရောင်ရမ်းခြင်းနှင့် လေးဘက်နာရောဂါတို့တွင် တစ်ကြိမ်တည်း 200mg အဖြစ်သော်လည်းကောင်း ၊ 100mg ကို မနက်တစ်ကြိမ် ညနေ တစ်ကြိမ်အဖြစ်သော်လည်းကောင်း ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါသည်။တစ်ခါသောက် 200mg ကို တစ်နေ့နှစ်ကြိမ် အစာစားပြီး (400mg) အထိ တိုးသောက်နိုင်ပြီး 400mg ထက် ပိုမသောက်ရပါ။
ဘေးထွက်ဆိုးကျိုးများ
ဝမ်းပျက် ဝမ်းလျှောခြင်း၊ အစာအိမ်သွေးကြောပေါက် သွေးယိုနိုင်ခြင်း၊အစာအိမ်နာခြင်း ၊တုတ်ကွေးကဲ့သို့လက္ခဏာများ ဖြစ်ပေါ်နိုင်ခြင်း၊ဖောရောင်ခြင်း၊မောပန်းနွမ်းနယ်ခြင်း တို့ ဖြစ်တတ်ပါသည်။
ကြိုတင်သိထားသိသင့်အချက်များ
ဓါတ်မတည့်သူများ ၊ကျောက်ကပ်မကောင်းသူများ ၊နှလုံး ၊သွေးတိုးစသောရောဂါအခံရှိသူများ၊
ရှောင်ရန်
နို့တိုက်မိခင်များ သက်ကြီးရွယ်အိုများ၊ဆာလဖာဆေးနှင့် မတည့်သူများ။
.
.
.
.