Pain, အကိုက်အခဲပျောက်ဆေးများ

Ks - 12300
  • flexibac (3x10's) tab
  • Baclofen
  • 3x10's Tables

Description


Baclofen သည် ခန္ဓာကိုယ်ရှိ အချို့သော ကြွက်သားများကို ဖြေလျှော့ရန် ကူညီပေးသည်။ကြွက်သားများ နာကျင်ခြင်း တောင့်တင်းခြင်း များ ကိုသက်သာပျောက်ကင်းစေရန် သုံးစွဲနိုင်သော ကြွက်သားဖြေလျှော့ဆေးဖြစ်ပါသည်။

အသုံးပြုနိုင်သောရောဂါများ

Multiple sclerosis သို့မဟုတ် ကျောရိုးရှိ အချို့သော ဒဏ်ရာများအပါအဝင် ဆေးဘက်ဆိုင်ရာပြဿနာများကြောင့်ဖြစ်ရသည့် ကြွက်သားများ တောင့်တင်းခြင်း၊ ကြွက်တက်ခြင်းနှင့် တင်းကျပ်ခြင်းကို သက်သာစေသည်။

ဆေးဝါးသုံးစွဲပုံ

ဆေးစသောက်သောက်ချင်း  တစ်ခါသောက် 5mg တစ်နေ့( ၃ ) ကြိမ် ၃ရက် ၊နောက်ရက်  တစ်ခါသောက် 10mg

တစ်နေ့ ( ၃ ) ကြိမ် ၃ရက် ၊ ၊နောက်ရက်  တစ်ခါသောက် 15mg

တစ်နေ့ ( ၃ ) ကြိမ်၃ရက် ၊ ၊နောက်ရက်  တစ်ခါသောက် 20mg

တစ်နေ့ ( ၃ ) ကြိမ် ၃ရက်၊   စသဖြင့် ရက်ထပ်တိုးတိုးပြီး ဆေးချိန်ကိုလည်းတိုး တိုး ပြီး

သက်သာပျောက်ကင်းသည်အထိ သောက်သွားနိုင်ပါသည်။

တစ်နေ့ 80 mg ထက် ပိုမသောက်ရပါ။

ဘေးထွက်ဆိုးကျိုးများ

မောပန်းခြင်း၊ငိုက်မျည်းခြင်း၊အားယုတ်ခြင်း၊ပျို့ခြင်း၊ခေါင်းကိုက်ခြင်း၊ဝမ်းချုပ်တတ်ခြင်း၊ဆီးမကြာခဏသွားခြင်း

ကြိုတင်သိထားသိသင့်အချက်များ

စိတ်ကျရောဂါ ၊လေဖြတ်ရောဂါ ၊ ကျောက်ကပ်ရောဂါ များရှိပါက ကြိုတင်သတိပြုသောက်သုံးရန်၊ဆရာဝန်များကို ကြိုပြောထားရန်

အိပ်ငိုက်စေသဖြင့် ယာဥ်စက်ကိရိယာများမောင်းနှင်ခြင်းမပြုရန်