Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 0
  • Clindamycin 150 ( Opiclam 150) 5x10's
  • Clindamycin 150
  • 5x10's Capsules

Clindamycin 150

Description

Clindamycin(ကလင်ဒါမိုင်စင်)
အာနိသင်အလွန်ထက်မြက်သော ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ပယ်နင်စလင်မတိုးသော စတက်ဖလိုကော့ကပ်ဘက်တီးရီးယားများအပါအဝင် ဂရမ်ပေါ့ဇတစ် ဘက်တီးရီးယားအများအပြားကိုနှိမ်နင်းနိုင်စွမ်းရှိသည်။ လေမဲ့ရှင်သန် ရောဂါပိုးအများအပြားကိုလည်း အာနိသင်သက်ရောက်နိုင်သည်။ အရိုးသို့ ဆေးပမာဏအများအပြားကောင်းစွာရောက်ရှိသောကြောင့်
အရိုးဘက်တီးရီးယားပိုးဝင်ရောဂါအတွက် ကောင်းမွန်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
အရိုးနှင့်အဆစ် ဘက်တီးရီးယားပိုးဝင်ရောဂါများ(ဥပမာ အော်စတီယိုမိုင်လိုင်းတစ်ခေါ် အရိုးရောင်ရမ်းနာ)နှင့် ဝမ်းခေါင်းပိုးဝင်ပျံ့နှံ့ခြင်းတို့တွင် အဓိကအသုံးပြုသည်။ ပယ်နင်စလင်မတည့်သော လေးဘက်နာရောဂါရှင်များ၊ လေးဘက်နာနှလုံးရောင်ရောဂါမဖြစ်အောင် ကာကွယ်ရန်လည်းအသုံးပြုနိုင်သည်။

ဆေးသောက်ရန်အညွှန်း
စားဆေး ၁၅၀-၃၀၀ မီလီဂရမ် တစ်နေ့လေးကြိမ်သောက်ရသည်။ ပြင်းထန်သောရောဂါများအတွက် ၄၅၀ မီလီဂရမ် တစ်နေ့လေးကြိမ်သောက်နိုင်သည်။ ကလေးများအတွက် ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၃-၆ မီလီဂရမ်နှုန်း တစ်နေ့လေးကြိမ်ပေးရသည်။ အသားထိုးဆေး(အပ်ကို နက်နက်စိုက်ထိုးရသည်) သို့မဟုတ် အကြောထိုးဆေး ၆၀၀ မီလီဂရမ်မှ ၂၇၀၀မီလီဂရမ် တစ်နေ့နှစ်ကြိမ်မှ လေးကြိမ်ခွဲထိုးရသည်။ တစ်လအထက်ကလေးများ ကိုယ်အလေးချိန် တစ်ကီလိုလျှင် ၁၅-၄၀ မီလီဂရမ်နှုန်း သုံးကြိမ် သို့မဟုတ် လေးကြိမ်ခွဲထိုးနိုင်သည်။

ဘေးထွက်ဆိုးကျိုးမျာ

ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ပဋိဇီဝဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်း၊ အသားဝါခြင်းတို့ဖြစ်တတ်ပါသည်။ ဆေးမတည့်၍ဖြစ်သော ယားယံခြင်း၊အဖုအပိမ့်ထွက်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။ အသားဆေးထိုးလျှင် ထိုးသည့်နေရာ ပြည်တည်နာဖြစ်ခြင်း၊ အကြောဆေးထိုးလျှင် ထိုးသည့်သွေးပြန်ကြောရောင်ခြင်းတို့ဖြစ်နိုင်ပါသည်။


သတိပြုရန်
ဤဆေး၏အဆိုးရွားဆုံးဆေးအပြစ်မှာ ပဋိဇီဝဆေးကြောင့်ဖြစ်သော အူမကြီးရောင်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းဖြစ်သည်။ လူလတ်ပိုင်း၊ လူကြီးပိုင်းအမျိုးသမီးများတွင် အဖြစ်များပြီး အထူးသဖြင့်ခွဲစိပ်ပြီးလူနာများတွင် တွေ့ရတတ်သည်။ အသက်အန္တရာယ်ပေးသည်အထိ ပြင်းထန်နိုင်သောကြောင့် ဤဆေးအသုံးပြုနေစဥ် ဝမ်းလျှောလျှင်ဆေးကိုချက်ချင်းရပ်ရပါမည်။
အသည်းမကောင်းသူများ၊ ကျောက်ကပ်မကောင်းသူများတွင် ရက်ကြာကြာအသုံးပြုရမည်ဆိုပါက အသည်းလုပ်ငန်းနှင့်ကျောက်ကပ်လုပ်အား ကောင်းမကောင်းသွေးစစ်ဆေးခြင်းကို မကြာခဏပြုလုပ်ရမည်။ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များ သတိပြုသုံးစွဲရမည်။ အကြောထိုးဆေးအဖြစ်အသုံးပြုလျှင် ဆေးကိုမြန်မြန်မထိုးရပါ။ ဖြည်းဖြည်းထိုးရပါမည်။ဝမ်းလျှောနေသော လူနာများ၊ ဤဆေးနှင့်မတည့်သူများ အသုံးမပြုရပါ။


.