Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 0
  • Gaso-Aid (10x10's)
  • Simethicone tablet 80mg
  • 10x10's Tables

Description

Simeticone ( Gaso-aid )
    လေဆေးတစ်မျိုးဖြစ်သည်။ အစာလမ်းကြောင်းရှိ လေပူဖောင်းအမြှပ်ကလေးအပေါ်ဖုံးအုပ်လိုက်ပြီး ၄င်းလေပူဖောင်းကလေးများကို ပေါက်ကွဲစေသည်။ ၄င်းတစ်မျိုးတည်းသော်လည်းကောင်း၊အက်ဆစ်ဓာတ်ပြတ်ဆေးများနှင့်ပေါင်းစပ်၍သော်လည်းကောင်း ထုတ်လုပ်သည်။
အသုံးပြုနိုင်သောရောဂါများ
  ရင်ပြည့်ရင်ကယ်ခြင်း၊ ကြို့ထိုးခြင်း၊ လေထိုးလေအောင့်ခြင်းတို့တွင် အသုံးပြုသည်။
ဆေးဝါးသုံးစွဲပုံအညွှန်း
  ၄၀-၈၀ မီလီဂရမ် တစ်နေ့သုံးလုံး သို့မဟုတ် လေးကြိမ်ဝါးစားရသည်။ ဆေးရည်လည်းရှိသည်။ကလေးငယ်များအတွက်လေဆေးအဖြစ်လည်းအသုံးပြုသည်။
ဘေးထွက်ဆိုးကျိုးများ
အစာလမ်းကြောင်းမှ စုပ်ယူခြင်းမရှိသဖြင့် ဆေးအပြစ်ထူးထူးထွေထွေမရှိပါ။