Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 0
  • Pantoprazole ( Panter-DM ( 10x10' s )
  • Pantoprazole & Domperidone
  • 10x10's Tables

Pantoprazole 40mg & Domperidone 10mg

Description

Panter-DM tablet ဆေးသည် အစာမကြေခြင်း၊ရင်ပူခြင်း၊ဗိုက်နာ ဗိုက်အောင့်ခြင်း သို့မဟုတ် ယားယံခြင်းစသည့် အက်ဆစ်ဓါတ်၏ လက္ခဏာများကို သက်သာရာ ရစေခြင်းဖြင့် အစာအိမ်နှင့် အစာရေမျိုပြွန်ဆန်တက်ရောဂါ ( Acid reflux ) နှင့် အစာအိမ်နာရောဂါတို့ကို ကုသရန်အသုံးပြူသောဆေးဖြစ်သည်။

ပျောက်ကင်းနိုင်သောရောဂါများ

 

အစာအိမ်နာ ၊ အူသိမ်မှာအနာဖြစ်သောရောဂါ( Peptic ulcer )ရင်ခေါင်းပူတာ

အစာခြေအက်ဆစ် အစာရေမျိုထဲကို ပြန်ဆန်တက်သောရောဂါ (GERD)

အကိုက်အခဲဆေးများ ၊ စတီးရွိုက်မပါတဲ့အရောင်ကျဆေးများ၊ အရက်သေစာ သောက်စားခြင်းများကြောင့်ဖြစ်သော အစာအိမ်နာရောဂါ ၊အစာအိမ်ရောဂါဖြစ်ခဲသော အစာခြေစနစ် ပြဿနာတစ်မျိုး ( Zollinger-Ellison syndrome )ကြောင့် အစာခြေအက်ဆစ် အဆမတန်ထွက်သောရောဂါ Domperidome ပါသဖြင့် ပျို့ခြင်း အန်ခြင်းကိုပါ သက်သာပျောက်ကင်းစေပါသည်။

ဆေးသောက်ရန်အညွှန်း

အစာအိမ်နာ ၊ အူသိမ်မှာအနာဖြစ်သောရောဂါ( Peptic ulcer ) များအတွက် 40 mg နှင့် Domperidome 30mg ကို မနက် စောစော အစာမစားခင် တစ်ကြိမ် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရပါမည်။ချိုးဖဲ့မသောက်ရ ။ အလုံးလိုက် ရေဖြင့်သောက်ရမည်။

ဘေးထွက်ဆိုးကျိုးများ

ဝမ်းလျှောခြင်း၊အစာအိမ်နာခြင်း၊လေပွခြင်း၊အာခေါင်ခြောက်ခြင်း၊ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း

ကြိုတင်သတိပြူရန်အချက်များ

ကျောက်ကပ်ရောဂါ ၊ အသည်းရောဂါရှင်များဆေးမသောက်ခင် ဆရာန်နှင့်အရင်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါသည်။ကိုယ်ဝန်ဆောင်များ၊နို့တုက်မိခင်များနှင့် က လေးယူမည့်သူများလည်း ဆရာဝန်ညွှန်ကြားချက်အရင်ဆုံးယူသင့်ပါသည်။