Etoricoxib 90mg
Alavox 90 (Etoricoxib)ဆေးသည် ဆိုင်ကလိုအောက်ဆီဂျင်းနေးစ်နှစ်သို့မဟုတ် ကောစ်နှစ်အင်ဇိုင်း ပိတ်ဆို့ ဆေးအုပ်စုဝင် စတီးရွိက် မဟုတ်သော
အရောင်ကျဆေးတစ်မျိုးဖြစ်သည်။ ယိုယွင်းအဆစ်ရောင်ရောဂါ၊ ရူမက်ထွိုက်အဆစ်ရောင်ရောဂါ တို့တွင်နာကျင်မှု့သက်သာစေရန်နှင့် အရောင်လျော့စေရန်အသုံးပြုသည်။
ဆေးသောက်ရန် အညွှန်း
ယိုယွင်းအဆစ်ရောင်ရောဂါအတွက် ၆၀မီလီဂရမ် တစ်နေ့တစ်ကြိမ်၊ ရူမက်ထွိုက်အဆစ်ရောင်ရောဂါအတွက် ၉၀မီလီဂရမ်
တစ်နေ့တစ်ကြိမ်နှင့် ဂေါက်အဆစ်ရောဂါအတွက် ၁၂၀ မီလီဂရမ် တစ်နေတစ်ကြိမ် သောက်သုံးနိုင်ပါသည်။
ကြိုတင်သတိပြုရန်
သက်ကြီးရွယ်အိုများ ၊ ဓာမတည့်ခြင်း တစ်ခုခုဖြစ်ဖူးသူများ သတိဖြင့်သုံးစွဲသင့်သည်။
ကျောက်ကပ်အားလျော့နည်းသူများ မသုံးမဖြစ်သုံးရမည်ဆိုလျင် ကျောက်ကပ်အခြေအနေကို မကြာခဏစစ်ဆေးကြည့်ရမည်။ အစာအိမ်နာ
ဖြစ်ဖူးသူများ အထူးသတိထားရမည်။ အစာအိမ်သွေးယိုခြင်းဖြစ်နိုင်ပါသည်။ နှလုံးအားလျော့နည်းပြီးခြေထောက်ဖောရောင်နေသူများ သတိ
ပြုသုံးစွဲရမည်။
ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ နှင့်ကလေးငယ်များမသုံးသင့်ပါ။
.