Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 9800
  • Ofloxacin 200mg 10x10's ( Oflobact 200 )
  • Ofloxacin 200mg
  • 10x10's Tables

Ofloxacin 200mg

Description

Ofloxacin
(အိုဖလောက်ဆာစင်)
  ကွီနိုလုံးအုပ်စု ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ဂရမ်နဂ္ဂတစ် ဘက်တီးရီးယားအများအပြားနှင့် ဂရမ်ပေါ့ဇတစ် ဘက်တီးရီးယားအချို့အပေါ် အာနိသင်သက်ရောက်နိုင်သည်။ဆိုင်ပရိုဖလောက်ဆာဆင်နှင့် ဂုဏ်သတ္တိတူညီသော်လည်း အာနိသင်ပိုထက်မြက်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
  ဆီးလမ်းကြောင်းပိုးဝင်ရောဂါများ၊ နာတာရှည်ဆီးကျိတ်ရောင်ခြင်း၊ အသက်ရှူလမ်းကြောင်း ဘက်တီးရီးယား ပိုးဝင်ရောဂါများ၊ အရေပြားဘက်တီးရီးယားရောဂါများ၊ ဂနိုရီးယားခေါ် ဆီးပူညောင်းကျရောဂါ၊ အမျိုးသမီးမျိုးပွားအင်္ဂါပိုးဝင်ခြင်းနှင့် ဘက်တီးရီးယား ပိုးဝင်ပျံ့နှံ့ခြင်းတို့တွင် အသုံးပြုနိုင်သည်။

ဆေးသောက်ရန်အညွှန်း
  စားဆေး ယေဘုယျဆေးချိန်မှာ ၂၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ဖြစ်သည်။ အာသီးရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းတို့တွင် လိုအပ်လျှင် ၄၀၀ မီလီဂရမ်တစ်နေ့နှစ်ကြိမ်ပေး၍ရသည်။ ဂနိုးရီးယားရောဂါအတွက် ၄၀၀ မီလီဂရမ် တစ်ကြိမ်တည်းပေးရုံနှင့် လုံလောက်သည်သည်။ နာတာရှည် ဆီးကျိတ်ရောင်ခြင်းအတွက် ၂၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် ၂၈ ရက်အထိပေးရတတ်သည်။ ဆီးအိမ်ရောင်ခြင်း၊ ဆီးသွားပြွန်ရောင်ခြင်း၊ သားအိမ်ရောင်ခြင်း၊ ယောနိရောင်ခြင်းစသော အမျိုးသမီးမျိုးပွားအင်္ဂါ ပိုးဝင်ရောဂါများနှင့်ဆီးလမ်းကြောင်းပိုးဝင်ရောဂါများအတွက် ၄၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်ပေးလေရှိသည်။ ထိုးဆေးကို ဘက်တီးရီးယား ပိုးဝင်ပျံ့နှံ့ခြင်းနှင့် ပြင်းထန်သောရောဂါများတွင် အသုံးပြုလေ့ရှိသည်။
ခွဲစိတ်ကုသရာတွင် ပိုးဝင်ခြင်းမရှိအောင်ကာကွယ်ရန် မခွဲခင်ကပ်ပြီးပေးလေ့လည်းရှိသည်။ အကြောသွင်းဆေးရည် ၂၀၀ မီလီဂရမ်ပါ ပုလင်းကိုတစ်နေ့နှစ်ကြိမ်သွင်းနိုင်သည်။

ဘေးထွက်ဆိုးကျိုးများ
  ပျို့အန်ခြင်း၊ ရင်ပြည့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်းတို့ ဖြစ်နိုင်ပါသည်။ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ ဆေးမတည့်ခြင်းလည်း ဖြစ်နိုင်ပါသည်။နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ခဏကျသွားခြင်း၊ စိုးရိမ်ပူပန်စိတ်များခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း၊ စိတ္တဇရောဂါလက္ခဏာများပြလာခြင်းတို့ဖြစ်နိုင်သည်ဟု ဆိုပါသည်။

ကြိုတင်သတိပြုရန်
  ဝက်ရူးပြန်ရောဂါ သို့မဟုတ် တက်တတ်သည့်ရောဂါရောဂါရာဇဝင်ရှိသူများ၊ အသည်းလုပ်အားလျော့နည်းသူများ၊ စိတ္တဇရောဂါရာဇဝင်ရှိသူများတွင် သတိပြုသုံးရမည်။ အကြောအားနည်းရောဂါရှိသူများ တစ်ရံတစ်ရံပိုဆိုးနိုင်သည်ကို သတိထားရပါမည်။ကျောက်ကပ်အားလျော့ခြင်း ရောဂါတွင် ဆေးပမာဏလျှော့သုံးရပါမည်။ အရက်၏မူးယစ်ဆေးခြင်းအာနိသင်ကို တိုးမြှင့်စေနိုင်ပါသည်။ကွီနိုလုံးဆေးမြားသောက်ပြီး နေပူဒဏ်မခံသင့်ပါ။ ရေများများသောက်သင့်ပါသည်။ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးငယ်များ မသုံးသင့်ပါ။ ဝက်ရူးပြန်ရောဂါရှိသူများ၊ ကြွက်သားအားနည်းရောဂါရှိသူများ၊ စိတ္တဇဝေဒနာရှင်များ ရှောင်သင့်ပါသည်။


.