Antibiotics, ပဠိဇီဝပိုးသတ်ဆေးများ

Ks - 39500
  • Oxytetracycline 1000pcs ( ZD )
  • Oxytetracycline 250mg
  • 1x1000's Tables

Oxytetracycline 250mg

Description

Oxytetracycline(အောက်ဆီတက်ထရာဆိုက်ကလင်)

အာနိသင်ကျယ်ပြန့်သော ပဋိဇီဝဆေးတစ်မျိုးဖြစ်သော်လည်း ဘက်တီးရီးယားပိုးတော်တော်များများ ဆေးယဥ်နေပြီဖြစ်၍ အသုံးပြုခြင်း နည်းပါးသွားပြီဖြစ်သည်။

ပျောက်ကင်းနိုင်သောရောဂါများ
ကလယ်မိုင်ဒီးယား ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော မျက်ခမ်းစပ်ရောဂါ၊ စစ်တကိုးစစ် အဖျား၊ မျိုးဥပြွန်ရောင်ခြင်း၊ ဆီးသွားပြွန်ရောင်ခြင်းနှင့် ပေါင်ခြံအကျိတ်ရောဂါတို့အတွက်ပထမဦးစားပေးဆေးဖြစ်သည်။ ဝက်ခြံရောဂါ၊ လေပြွန်ရောင်ရောဂါနှင့် သွားနှင့်ခံတွင်းပိူးဝင်ရောဂါတို့တွင်လည်း အသုံးပြုနိုင်သည်။

ဆေးသောက်ရန်အညွှန်း
စားဆေး ၂၅၀ - ၅၀၀ မီလီဂရမ် တစ်နေ့လေးကြိမ်သောက်ရသည်။

ဘေးထွက်ဆိုးကျိုးများ
ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစာမျိုရခက်ခဲခြင်းတို့ ဖြစ်တတ်ပါသည်။ ကလေးငယ်တို့၏ အရိုးနှင့် သွားတွင် ဤဆေးများအနည်ထိုင်သဖြင့် သွားအရောင် ညစ်တတ်ပါသည်။အသည်းထိခိုက်ခြင်း၊ သွေးရောဂါဖြစ်ခြင်း၊ ဆေးနှင့်မတည့်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ကြိုတင်သတိပြုရန် / ရှောင်ရန်
အသည်းအားလျော့နေသူများ သို့မဟုတ် အသည်းထိခိုက်စေသော ဆေးသောက်နေသူများတွင် သတိပြုသုံးစွဲရသည်။ မိုင်ယာစသီးနီးယားဂရဲဗစ်ခေါ် အကြောအားနည်းရောဂါတွင် ကြွက်သားအားနည်းခြင်းကို ပိုဆိုးစေနိုင်သည်။ အက်ဆစ်ဓာတ်ပြယ်ဆေးများနှင့် ရောမသောက်ရပါ။ အစာလမ်းကြောင်းမှ ဤဆေးစုပ်ယူမှု ကျဆင်းစေပါသည်။ နွားနို့နှင့် သောက်လျှင်လည်း အလားတူဖြစ်တတ်ပါသည်။ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကျောက်ကပ်ရောဂါရှိသူများ ရှောင်ရပါမည်။


.