Gastro, အစာအိမ်ရောဂါနှင့်ပက်သက်သောဆေးများ

Ks - 2000
  • Domperidone 10x10's ( Derevens )
  • Domperidone 10mg
  • 10x10's Tables

Domperidone 10mg

Description

Domperidone (ဒွန်ပယ်ရီဒုန်း)
  အစာအိမ်ထဲမှအစာများ အူသိမ်သို့ပို့ဆောင်ခြင်းကို မြန်ဆန်အောင်လှုံ့ဆော်ပေးသည့်အပြင် အစာရေမျိုကြွက်သားများကိုလည်း ရှုံ့စေသောအာနိသင်ရှိခြင်းကြောင့် အန်ခြင်းကို သက်သာစေသောဆေးဖြစ်သည်။
ပျောက်ကင်းနိုင်သောရောဂါများ
  ပျို့ခြင်း၊ အန်ခြင်း၊ အစာမကြေ ရင်ပြည့်ခြင်း၊ အစာအိမ်မှ အစာခြေရည် အစာရေမျိုသို့ ပြန်ဆန်တက်ခြင်းတို့တွင် အသုံးပြုသည်။ကင်ဆာသွေးသွင်းကုသရာတွင် ဖြစ်လေဖြစ်ထရှိသော ပျို့အန်ခြင်းသက်သာအောင်လည်း အသုံးပြုနိုင်သည်။
ဆေးသောက်ရန်အညွှန်း
  လူကြီး ကိုယ်အလေးချိန် ၃၅ကီလိုအထက် ၁၀ မှ ၂၀ မီလီဂရမ် တစ်နေ့သုံးကြိမ် သို့မဟုတ် လေးကြိမ်သောက်နိုင်သည်။ တစ်နေ့ ၈၀ မီလီဂရမ်ထက် မပိုရ။ ကလေးကိုယ်အလေးချိန် ၃၄ ကီလိုအထိ တစ်ကီလိုလျှင် .၂၅ မှ .၅ မီလီဂရမ် တစ်နေ့သုံးကြိမ် သို့မဟုတ် လေးကြိမ်ပေးနိုင်သည်။ တစ်နေ့အတွက် တစ်ကီလိုလျှင် ၂.၄ မီလီဂရမ်နှုန်းထက် မပိုသင့်ပါ။
စအိုထည့်သော ဆေးတောင့်များလည်း ရှိသည်။
ဘေးထွက်ဆိုးကျိုးများ
  အဖုအပိမ့်ထွက်ခြင်း၊ ခြေလက်များ အကြောဆွဲသကဲ့သို့ လှုပ်ရှားခြင်းတို့ဖြစ်တတ်ပါသည်။သွေးထဲတွင် ပရိုလက်တင်ဟော်မုန်းများနေနိုင်ပါသည်။
လေထိုးလေအောင့်ခြင်း ဖြစ်နိုင်သော်လည်း ရှားပါးပါသည်။ ဝမ်းလျှောခြင်းတို့ဖြစ်တတ်ပါသည်။ ဆေးမတည့်၍ အဖုအပိမ့်ထွက်ခြင်းလည်း ဖြစ်နိုင်ပါသည်။
ကြိုတင်သတိပြုရန်
  ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ သတိပြုသုံးစွဲသင့်သည်။ ခွဲစိပ်ပြီးစ လူနာများ ပျို့အန်ခြင်းအတွက် မသုံးသင့်ပါ။ ရေရှည်စွဲ ပြီး သောက်ရန်လည်း မသင့်ပါ။
ရှောင်ရန်
  ဤဆေးနှင့်မတည့်သူများ နို့တိုက်မိခင်များ မသုံးရပါ။


.